မွန်ပြည်နယ်၊ သထုံနှင့် ဘီးလင်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် ခုနစ်စီး ဖမ်းဆီးရမိ
မွန်ပြည်နယ်၊ သထုံနှင့် ဘီးလင်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် ခုနစ်စီး ဖမ်းဆီးရမိ
Ministry of Home Affairs/ Naypyitaw / June 01, 2025
မွန်ပြည်နယ်၊ သထုံနှင့် ဘီးလင်းမြို့နယ်တို့၌ ၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်က လိုင်စင်မဲ့ မော်တော်ယာဉ် ခုနစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် သထုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ ဘင်လှိုင်ရပ်ကွက်၊ သထုံ-ဘားအံသွားကားလမ်း၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါလမ်းအတိုင်း သုဓမ္မဝတီမြို့သစ်ဘက်မှ ဘင်လှိုင်ရပ်ကွက်ဘက်သို့ မောင်းနှင်လာသည့် ဝါးပိုးတောကျေးရွာနေ စိုးပိုင်(၂၉)နှစ်အား YGN-41/6M-XXXX SUCCEED ယာဉ်ဖြင့်လည်းကောင်း၊ ဘီးလင်းမြို့နယ်၊ ဆင်ကြုံးကျေးရွာနေ ကျော်စိုးဦး(၂၂)နှစ်အား KYN-4/3P-XXXX CROWN ယာဉ်ဖြင့်လည်းကောင်း၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာနေ အေးဇော်ဝင်း(၄၂)နှစ်အား KYN-4 1K/XXXX AIRWAVE ယာဉ်ဖြင့်လည်းကောင်း၊ သထုံမြို့နယ်၊ ဈေးမသွယ်ကျေးရွာနေ ကျော်အောင်(၄၀)နှစ်အား KYN-4G/XXXX HILUX ယာဉ်ဖြင့်လည်းကောင်း၊ သထုံမြို့နယ်၊ အနန်းပင်ကျေးရွာနေ စောသက်ဖော(၄၅)နှစ်အား YGN-4H/XXXX VANETTE(2004) အဖြူရောင်ယာဉ်ဖြင့်လည်းကောင်း၊ သထုံမြို့နယ်၊ နောင်ကုလားရွာကြီးနေ မျိုးထွဋ်(၃၈)နှစ်အား YGN-12 1L/XXXX HONDA FIT SHUTTLE ယာဉ်ဖြင့်လည်းကောင်း။
အလားတူ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သစ်တိုကျွန်းကျေးရွာလမ်းဆုံ၊ ဘီးလင်း-တောင်စွန်းကားလမ်းပေါ်၌ မော်တော်ယာဉ် စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် အဆိုပါလမ်းအတိုင်း တောင်စွန်းမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာသည့် ဘီးလင်းမြို့နယ်၊ ကဇိုင်းကျေးရွာနေ သက်ချိုဦး(၃၅)နှစ်အား KYN 2F/XXXX NESSAN ZANEEER ယာဉ်ဖြင့်လည်းကောင်း အသီးသီးတွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ အဆိုပါယာဉ်များမှာ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း သိရှိရသဖြင့် စိုးပိုင်၊ ကျော်စိုးဦး၊ အေးဇော်ဝင်း၊ ကျော်အောင်၊ စောသက်ဖော်၊ မျိုးထွဋ်နှင့် သက်ချိုဦးတို့ ခုနစ်ဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 4, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
“Public Notice for filing complaints”
Posted on Jun 4, 2025