မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို


Ministry of Information/ Naypyitaw / December 19, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၈

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၏ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပသည်။

ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက “မွေးမြူ ဆေးကု၊ တိုင်းပြည်ပြု” ဆိုသည့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံ၏စားရေ ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေး၊ မွေးမြူရေးလုပ်ငန်းများ အခြေခံသည့် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးစသည့်ကဏ္ဍများတွင် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်ကောင်းများအဖြစ် စွမ်းဆောင်နိုင်ကြစေရေး ကြိုးပမ်းအားထုတ်သွားကြစေလိုကြောင်း၊ တိုးတက် ပြောင်းလဲလာလျက်ရှိသည့် အသစ်အသစ်သော နည်းပညာများကို မျက်ခြည်မပြတ် လေ့လာမှုနှင့်အတူ မွေးမြူရေးကဏ္ဍအတွက် အကျိုးရှိစေမည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး ရလဒ်ကောင်းများ ရှာဖွေဖော်ထုတ်ပေးနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို ပုံဖော်ဖန်တီးနိုင်ကြသူများဖြစ်စေရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများက “တို့များနှလုံးအိမ်” တေးသီချင်းဖြင့်လည်းကောင်း၊ တတိယနှစ် တိရစ္ဆာန်ဆေးပညာဘွဲ့ ကျောင်းသူတစ်ဦးက “လက်ရည်တစ်ပြင်တည်း” တေးသီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြပြီး မောင်မယ်သစ်လွင် ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ ဆရာမများ၊ တိရစ္ဆာန်ဆေးပညာဘွဲ့ မောင်မယ် သစ်လွင် ၁၆၉ ဦးနှင့် မွေးမြူရေးပညာဘွဲ့ မောင်မယ်သစ်လွင် ၇၉ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Posted on Dec 20, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Posted on Dec 19, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Posted on Dec 18, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 17, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Dec 16, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Dec 15, 2025
HOT NEWS
January 4,