ယင်းမာပင်မြို့နယ်၊ မြို့သစ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့နေကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ
ယင်းမာပင်မြို့နယ်၊ မြို့သစ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့နေကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ
Ministry of Information/ Naypyitaw / January 07, 2025
နေပြည်တော် ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ မြို့သစ်ကျေးရွာကို ဇန်နဝါရီ ၅ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ မြို့၊ ရွာများအတွင်း တရားမဝင် ဝင်ရောက်၍ တိုက်ပွဲများဖော်ဆောင်လာခြင်းများကြောင့် မြို့/ရွာ များ ပျက်စီးရကြောင်းနှင့် ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ သို့ဖြစ်၍ အကြမ်းဖက်သမားများ ဝင်ရောက်လာမှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနယ်မြေအတွင်း အေးချမ်းတည်ငြိမ်မှုရှိစေရန် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
ညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ပုံနှိပ်သူနှင့် ထုတ်ဝေသူများစာရင်းအား အသိပေးကြေညာခြင်း
Posted on Jan 8, 2025အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း
Posted on Jan 7, 2025အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း