ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အလေးအနက်ထား တွေးဆဆင်ခြင်

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အလေးအနက်ထား တွေးဆဆင်ခြင်


Ministry of Information/ Naypyitaw / June 03, 2025
image_latest


တပ်မတော်က ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် မေ ၃၁ ရက်တွင် ထပ်မံတိုးမြှင့်ထုတ်ပြန်လိုက်သည်။ အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဒဏ်သင့်ဒေသများတွင် ထိခိုက်ပျက်စီးမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့ရာ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြီးခဲ့သည့် မေ ၆ ရက်မှ ၃၁ ရက်အထိ ကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီး ယခုနောက်ထပ် တစ်လတိတိ ထပ်မံတိုးမြှင့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လက်ရှိမိမိတို့နိုင်ငံတွင် ဖြစ်ခဲ့၊ ဖြစ်ဆဲဖြစ်သော သဘာဝဘေးအန္တရာယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများ၏ဒဏ်ကို ခံစားနေကြရသည့် ပြည်သူများအနေဖြင့် ယင်းအခြေအနေများမှ လွန်မြောက်၍ ကောင်းမွန်သည့်အခြေအနေတစ်ရပ်သို့ ရောက်ရှိရန် လိုအပ်နေပြီဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများတွင် ဖြစ်ပေါ်ခဲ့သည့် ပမာဏကြီးမားလှစွာသော ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အပြင် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ မဖြစ်မနေ ဆောင်ရွက်ရန်တို့ ရှိနေသည်။ ယင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်၍ အချိန်နှင့်တစ်ပြေးညီ ပြီးစီးစေရေးအတွက် လိုအပ်သည့်အရာမှာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးပင်ဖြစ်သည်။

တပ်မတော်က ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလထပ်မံတိုးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ (၁) ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်စေရေး၊ (၂) လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်စေရေး၊ (၃) နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာ ဖော်ဆောင်နိုင်စေရေး၊ (၄) ရေရှည်တည်တံ့ပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရေးတို့အတွက် တည်ငြိမ်အေးချမ်းရေးကို ရှေးရှုကြောင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ မေလ ၂၉ ရက်က ကျင်းပခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့ရာ “ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့် ကာလဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုလိုအပ်သောကြောင့် တပ်မတော်အနေဖြင့် ဧပြီ ၂ ရက်မှစပြီး ယခုမေလကုန်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ သတ်မှတ်ထုတ်ပြန်ထားကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကိုရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့်လည်း ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီး လိုက်နာဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း” ထည့်သွင်းပြောကြားခဲ့ပြီး ယခုဇွန်လတစ်လတာကိုလည်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ခြင်းဖြစ်သည်။

ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားသည်ဟုဆိုရာတွင် စစ်ရေးနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများမပြုမှသာ မှန်ကန်သည့်အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ စစ်ရေး လှုပ်ရှားမှုတစ်စုံတစ်ရာတို့ ပြုလုပ်ခြင်းက ယာယီအပစ်အခတ်ရပ်စဲမှုအပေါ် အလေးမထားခြင်း၊ နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးစီးပွားကို လျစ်လျူရှုခြင်းပင်ဖြစ်ရာ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် အလေးအနက်တွေးဆဆင်ခြင်ကာ အားလုံးပူးပေါင်းပါဝင်ကြရေး နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Posted on Jun 06, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Jun 05, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 04, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Posted on Jun 03, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Posted on Jun 02, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2025
AnnouncementsExplore more >

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 4, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

Posted on Jun 5, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

အိတ်ဖွင့်တင်ဒါပိတ်ရက်ပြင်ဆင်ချက်

Posted on Jun 4, 2025

အိတ်ဖွင့်တင်ဒါပိတ်ရက်ပြင်ဆင်ချက်

HOT NEWS
January 4,