ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူအား ဖမ်းဆီးအရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / November 09, 2025
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ အမှတ်(၆၅၂ က/ခ)အဆောင်နေ မအေးအေးအောင်(၃၄)နှစ်၏ အခန်း၌ နှစ်လုံးထီ လောင်းကစား ပြုလုပ်နေကြောင်းသတင်းအရ လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ မအေးအေးအောင်၏ လက်ကိုင်ဖုန်းအတွင်းရှိ Viber မှတစ်ဆင့် နှစ်လုံးထီဂဏန်းနှင့် ငွေတန်ဖိုးများရေးသားပေးပို့ထားသည်ကို တွေ့ရှိရပြီး လောင်းကြေးငွေ ၁၅၀,၀၀၀ ကျပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မအေးအေးအောင်အား လှိုင်သာယာ(အနောက်ပိုင်း) မြို့မရဲစခန်း (ပ)၁၁၄၃/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။