ရန်ကုန်တိုင်းဒေသကြီးရှိ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး မြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲ အခမ်းအနား သို့တက်ရောက်အမှာစကားပြောကြား
ရန်ကုန်တိုင်းဒေသကြီးရှိ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး မြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲ အခမ်းအနား သို့တက်ရောက်အမှာစကားပြောကြား
Ministry of Hotel & Tourism/ နေပြည်တော် / November 11, 2025
နေပြည်တော်၊ နိုဝင်ဘာလ (၁၀) ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များတွင် တာဝန်ထမ်းဆောင်နေကြသော လုံခြုံရေး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်လျက်ရှိသည့် မြန်မာ့ရိုးရာ သိုင်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့လယ်ပိုင်းတွင် တောင်ဥက္ကလာပမြို့နယ် ပဒေသာ အားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကမ္ဘာလှည့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့သိုင်းဆပ်ကော်မတီဥက္ကဋ္ဌ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား များ၊ ဖိတ်ကြားထားသူများပါဝင် တက်ရောက်ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များမှ လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုပေးနေသော ဝန်ထမ်းများအား မြန်မာ့ရိုးရာသိုင်းသင် တန်းဖွင့်လှစ်ပေးခဲ့ခြင်းသည် မြန်မာ့သိုင်းပညာရပ်များ ပြန့်ပွားရေးအတွက်သာမက မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်ဖော်ထုတ် ထိန်းသိမ်းတတ်စေနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာရိုးရာယဉ်ကျေးမှု သင်တန်းများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ညောင်ရွှေ စသည့် ့ခရီးစဉ်ဒေသများမှာလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ပါဝင်တက်ရောက်ခဲ့ကြသူများ အနေဖြင့် သင်တန်းမှသင်ကြားခဲ့ရသည့် ဗဟုသုတများ၊ အတွေ့ အကြုံကောင်းများအား မိမိတို့ ပတ်ဝန်းကျင်နယ်ပယ်သို့ ဆက်လက်မျှဝေပေးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ကာ နည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းမှ ထူးချွန်ဆုရ သင်တန်းသားများအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး သင်တန်းသားများက မြန်မာ့ရိုးရာ အခြေခံသိုင်းပညာဖြင့် သရုပ်ပြသကြောင်း သိရသည်။
Source From: Kye Mon
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
