ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးနှင့် အသားရိက္ခာဖူလုံပိုလျှံရေး စီမံဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးနှင့် အသားရိက္ခာဖူလုံပိုလျှံရေး စီမံဆောင်ရွက်
Ministry of Information/ Naypyitaw / November 27, 2025
နေပြည်တော် နိုဝင်ဘာ ၂၆
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ငါးလုပ်ငန်းသိပ္ပံ(တွံတေး)မှ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ မွေးမြူရေးကဏ္ဍအတွက် အရေးပါသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေး ကြိုးစားအားထုတ်ကြရန်ပြောကြားပြီး ဘက်စုံသုံးအဆောက်အအုံ တည်ဆောက်နေမှု၊ ထမင်းစားဆောင် တိုးချဲ့တည်ဆောက်နေမှုနှင့် သင်တန်းနည်းပြ ဆရာမအဆောင် တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် လှိုင်သာယာမြို့နယ်(အနောက်) မွေးမြူရေးဇုန်(၅)ရှိ သားသတ်ရုံများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ အစားအစာဘေးကင်းလုံခြုံ ရေးအတွက် ရောဂါကင်းရှင်းသည့် ထုတ်ကုန်များဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မဖြစ်ပေါ်စေရေးအတွက် စွန့်ပစ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ်ငန်းသုံး နှင့် ပျားထွက်ပစ္စည်းဖွံ့ဖြိုးရေးဌာနစု၏ ပျားလုပ်ငန်း သုံးပစ္စည်းအလုပ်ရုံ၊ ပျားထွက်ပစ္စည်း ထုတ်လုပ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပျားရည်ပျားဖယောင်းသန့်စင် အလုပ်ရုံများ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု၊ ပျားဘုရင်မမွေးမြူရေးအိမ်အမျိုးမျိုး၊ ပျားဘုရင်မ လှောင်အိမ်အမျိုးမျိုး၊ ပျားသလက်ပေါင်များ၊ ပြခန်းသုံးပျားအိမ်များဖြစ်သည့် ပျားမွေးမြူရေးလုပ်ငန်းသုံးပစ္စည်းမျိုးစုံ ပြန်လည်ထုတ်လုပ်ရန် လျာထား ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံခြားပို့ကုန်သန့်စင်ပြီး ပျားရည်များ၏ အရည်အသွေးစံချိန်စံညွှန်များ တိုးတက်ကောင်းမွန်ရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
နိုဝင်ဘာ ၂၄ ရက်ကလည်း ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ရန်ကုန်ပေါက်ကျေးရွာရှိ Yangon Pauk 56 Company Limited ၏ တီလားပီးယား၊ ငါးတန်နှင့် ငါးမြစ်ချင်း ငါးများမွေးမြူထုတ်လုပ်နေမှုကို ကြည့်ရှု စစ်ဆေးပြီး ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ သဘာဝငါးသယံဇာတများ ပြန်လည်ဖြည့်တင်း ပေးနိုင်ရန်နှင့် ခေတ်မီနည်းပညာအသုံးပြု ငါး၊ ပုစွန် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
