ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးသူများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုမှ ပြစ်မှုကျူးလွန်သူ ၂ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးသူများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုမှ ပြစ်မှုကျူးလွန်သူ ၂ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / December 25, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၅

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး (အနောက်) ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်း၊ တိုက်အမှတ် ၈၄ နှင့် ၈၆ ကြားတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးသူများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်လုပ်မိုင်းအား အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လမ်းဘေး၌ ရပ်တန့်ထားသော YGN-18 1E/7972 NISSAN TIIDA LATIO မော်တော်ယာဉ်တွင် ဝဲ/ယာဘက်မှန်တံခါး ၄ ချပ်နှင့် ယာဘက်ခြမ်းတံခါးများတွင် မိုင်းပေါက်ကွဲစများထိမှန်ခဲ့ရာ တန်ဖိုးကျပ် ၁၈ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်မှ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးသူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စဉ်ဆက်မပြတ်စုံစမ်းဖော်ထုတ်ခဲ့ရာ အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၁၀၅) ရပ်ကွက်၊ စွယ်တော်လမ်း၊ အမှတ် (၁၉၈) နေ ကြည်ကြည်ရွှေ (၃၇) နှစ် (ဘ) ဦးစိန်မြင့်နှင့် အခင်းဖြစ်ရပ်သို့ လိုက်ပါလာသည့် ၎င်း၏သားဖြစ်သူ မောင်လင်းလတ်ဟိန်း (ဘ) ဦးနိုင်လင်းတို့ ၂ ဦးအား ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ဗုံးဖောက်ခွဲရန် ခိုင်းစေသူကိုလင်း (ဖမ်းဆီးရန်ကျန်) မှ Kpay Account ဖြင့် ပေးအပ်သည့်ငွေ ၃၅၀,၀၀၀ ကျပ်မှ သုံးစွဲပြီးကျန်ငွေ ၂၄၅,၀၀၀၊ ဖုန်းအမှတ် ၀၉-၇၅၁၁၄၂၈၄၁ နှင့် ၀၉-၆၉၄၂၂၅၄၄၀ နံပါတ်ပါ itel P65 အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံး၊ ပြစ်မှုကျူးလွန်စဉ်က ကြည်ကြည်ရွှေဝတ်ဆင်ခဲ့သည့် ရှပ်အင်္ကျီလက်ရှည် ၁ ထည်၊ အနက်ရောင်လက်တိုတီရှပ်အင်္ကျီ ၁ ထည်၊ CONVERSE စာတမ်းပါ ခဲရောင်ဘောင်းဘီအရှည် ၁ ထည်၊ XAVIER DANAUD စာတမ်းပါ အနက်ရောင်အမျိုးသမီးကိုင်ဘေးလွယ်အိတ် ၁ လုံး၊ ပန်းရောင်ကွင်းထိုးဖိနပ် ၁ ရံ၊ ပြစ်မှုကျူးလွန်စဉ်က မောင်လင်းလတ်ဟိန်းဝတ်ဆင်ခဲ့သည့် တီရှပ်အင်္ကျီလက်တို ၁ ထည်၊ ဂျင်းဘောင်းဘီအရှည် ၁ ထည်၊ ကွင်းထိုးအပြာရောင်ဖိနပ် ၁ ရံ တို့နှင့်အတူ ၎င်းတို့၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ) ၉၄၃/၂၀၂၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ဈ) ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ကြည်ကြည်ရွှေသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၄ အမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ် (၂၀) ကျခံနေသည့် ဒုတိယခင်ပွန်းဖြစ်သူ ဇော်လင်း (ခ) ဇော်ကြီးအား ထောင်ဝင်စာသွားရောက်တွေ့ဆုံစဉ် ဇော်လင်း (ခ) ဇော်ကြီး၏ ဆက်သွယ်ပေးမှုအရ ကိုလင်း (ဖမ်းဆီးရန်ကျန်) ထံ Telegram မှတဆင့် ဆက်သွယ်ခဲ့ရာ ကိုလင်း (ဖမ်းဆီးရန်ကျန်) ၏ ခိုင်းစေချက်အရ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံသို့ သွားရောက်ကာ မနွေ (ဖမ်းဆီးရန်ကျန်) ထံမှ လက်လုပ်ဗုံးပါအထုပ် (၁) ထုပ်အား ယူဆောင်ခဲ့ကြောင်း၊ အဆိုပါလက်လုပ်ဗုံးအား မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး (အနောက်) ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်း၊ တိုက်အမှတ် (၈၄) နှင့် (၈၆) တိုက် (၂) နှစ်လုံးကြားတွင် ချထားခဲ့ပြီး ကိုလင်း (ဖမ်းဆီးရန်ကျန်) ထံ Telegram မှတစ်ဆင့် ဆက်သွယ်ပြီးနောက် ဗုံးမှာ ပေါက်ကွဲသွားခဲ့ကြောင်း၊ ထို့နောက် kpay Account ဖြင့် ၎င်းထံသို့ ငွေကျပ် (၃၅၀,၀၀၀) အား (၃) ကြိမ်ခွဲ၍ လွှဲပို့ပေးခဲ့ကြောင်း စစ်ဆေးသိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် ပူးပေါင်းပါဝင်သူ ဖမ်းဆီးရန်ကျန်တရားခံများအား ဖမ်းဆီးရမိရေးနှင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း