ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း
Ministry of Information/ Naypyitaw / December 26, 2025
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရ အမိန့်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
