ရန်ကုန်တိုင်းဒေသကြီးအတွင်း အသားလိုအပ်ချက် ပြည့်ဝဖူလုံပိုလျှံစေရေးနှင့် မွေးမြူရေးနှင့် ရေထွက်ကုန်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း အသားလိုအပ်ချက် ပြည့်ဝဖူလုံပိုလျှံစေရေးနှင့် မွေးမြူရေးနှင့် ရေထွက်ကုန်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
Ministry of Information/ Naypyitaw / January 02, 2026
နေပြည်တော် ဇန်နဝါရီ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသားလိုအပ်ချက် ပြည့်ဝဖူလုံပိုလျှံစေရေးနှင့် မွေးမြူရေးနှင့် ရေထွက်ကုန်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုက်ကြီးမြို့နယ်ရှိ တိုက်ကြီးမွေးမြူရေးဇုန်သို့ ရောက်ရှိပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
ဦးစွာ ဇုန်တာဝန်ရှိသူများက တိုက်ကြီးမွေးမြူရေးဇုန်အတွင်း ဇုန်အပိုင်းလိုက် မွေးမြူရေးလုပ်ငန်းရှင် ၄၉ ဦး၏ လုပ်ငန်းဖော်ဆောင် ဆောင်ရွက်ထားရှိမှု၊ အသား၊ ငါး၊ ဥနှင့်နို့များ ထုတ်လုပ်နေမှု၊ ဇုန်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ တိရစ္ဆာန် အစာပင်များစိုက်ပျိုးထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၏ အသား၊ ငါးလိုအပ်ချက်နှင့် ပြည်သူများ၏ စားရေရိက္ခာဖူလုံစေရေး၊ အာဟာရပြည့်ဝသော မွေးမြူရေးထွက်ပစ္စည်းများ တိုးတက်ထုတ်လုပ်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး မွေးမြူရေးလုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ကာ မွေးမြူရေးလုပ်ငန်းသုံး ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တိုက်ကြီးမွေးမြူရေးဇုန်အတွင်း အသားတိုးကြက် မွေးမြူလုပ်ကိုင် နေမှု၊ တိရစ္ဆာန်အစာပင် ၃၅ ဧက စိုက်ပျိုးထားရှိမှု၊ အသားတိုးဝက် မွေးမြူရန် အဆောက်အအုံများ ဆောက်လုပ်ထားရှိမှု၊ ဆိတ်နှင့်သိုးမွေးမြူထားရှိမှု၊ ဥစားဘဲမွေးမြူထားရှိမှုနှင့် ဒေသနွားမွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ရေးနှင့် ဇီဝလုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရန်မှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ မြင့်မြတ်ဟိန်းကုမ္ပဏီလီမိတက် (အအေးခန်းစက်ရုံ)၏ ငါး၊ ပုစွန်ပြုပြင်အေးခဲမှုလုပ်ငန်း၊ ရတနာသိင်္ဂီစက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်၏ အအေးခန်းစက်ရုံများမှ ဥရောပနှင့် အာရှနိုင်ငံများ သို့ နှစ်အလိုက် ရေချို၊ ရေငန်ငါးများ အေးခဲတင်ပို့နေမှုအခြေအနေများ၊ ငါး၊ ပုစွန်ပြုပြင်ထုတ်လုပ် သည့်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ပေးထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများ စနစ်တကျဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ၏ အရည်အချင်းမြှင့်တင်ရေးအတွက်ဌာနမှ ဖွင့်လှစ်ပေးသော သင်တန်းများသို့ တက်ရောက်လေ့လာနိုင်ရေး၊ လုပ်ငန်းသုံးစက်ပစ္စည်းများ၏ အရည်အသွေးများကို စဉ်ဆက်မပြတ် စစ်ဆေး၍လိုအပ်ပါက ပြုပြင်ထိန်းသိမ်း အစားထိုးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
