ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီး


Ministry of Information/ Naypyitaw / January 20, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာလိမ်လည် အတုပြုလုပ်နေသူများကို ဇန်နဝါရီ ၁၄ ရက်က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်ခြင်းများရှိကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သတင်းစုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၄ ရက် ည ၆ နာရီခွဲတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၂)ရပ်ကွက် ဗထူး(၁၁)လမ်းနေ ဂျင်မီအောင်(ခ)ကုလားကြီး(ခ)ဟာရွန်(၄၀)နှစ်၏ နေအိမ်အတွင်းမှ ၎င်းနှင့်အတူ ကျော်ထက်အောင်(၂၄)နှစ်တို့နှစ်ဦးကို ပြုလုပ်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်အတု ၄၅ ခု၊ ပြုလုပ်ဆဲ နိုင်ငံသားစိစစ်ရေးကတ်အတု ၁၁၀၊ သာသနာစိစစ်ရေးကတ်အတု သုံးခု၊ ရဲစခန်း ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာအတု ၁၂၀ ၊ ရပ်ကွက်ထောက်ခံစာအတုလေးရွက်၊ ကျောင်းထောက်ခံစာအတုသုံးခု၊ အိမ်ထောင်စုလူဦးရေ စာရင်းအတု ၅၃ ခု၊ အလုပ်သမားမှတ်ပုံတင်ကတ်အတု ၁၁၀ ၊ ဌာနဆိုင်ရာ/ရုံးတံဆိပ်အတု ၁၈ ခု၊ လက်ကိုင်ဖုန်း တစ်လုံး၊ ဆက်စပ် ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ည ၈ နာရီတွင် ရွှေပြည်သာမြို့နယ် (တ/၁၅)ရပ်ကွက် ရေအိုးစဉ်လမ်းနေ ညီထွေးနိုင်(ခ)ကုလားဘုန်းကြီး(ခ)ဟာစန်း(၂၈)နှစ်၏ နေအိမ်အတွင်းမှ ၎င်းနှင့်အတူ ဇင်မောင်နိုင်(ခ)နူရွတ်လာ(၂၃)နှစ်တို့နှစ်ဦးကို ပြုလုပ်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်အတု ကိုးခု၊ ပြုလုပ်ဆဲ နိုင်ငံသားစိစစ်ရေးကတ်အတု ရှစ်ခု၊ အိမ်ထောင်စု လူဦးရေစာရင်းအတု လေးခု၊ ဌာနဆိုင်ရာ/ ရုံးတံဆိပ်အတု ၁၂ ခု၊ လက်ကိုင်ဖုန်းနှစ်လုံး၊ ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်များနှင့် ဌာနဆိုင်ရာ/ရုံးစာရွက် စာတမ်းများ လိမ်လည်အတုပြုလုပ်သည့် ဖမ်းဆီးရမိတရားခံ ဂျင်မီအောင်(ခ)ကုလားကြီး(ခ)ဟာရွန်နှင့် ကျော်ထက်အောင်တို့အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ)၄၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့်လည်းကောင်း၊ ညီထွေးနိုင်(ခ)ကုလားဘုန်းကြီး(ခ)ဟာစန်းနှင့် ဇင်မောင်နိုင်(ခ)နူရွတ်လာတို့ကို လှော်ကားနယ်မြေရဲစခန်း (ပ)၁၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့်လည်းကောင်း အမှု ရေးဖွင့်ဖမ်းဆီးစစ်ဆေးကာ ထိရောက်စွာအရေးယူနိုင်ရေးနှင့် ပူးပေါင်းပါဝင်ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။