ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ ကြွေပစ်လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ ကြွေပစ်လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / January 29, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ ကြွေပစ် လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ဓမ္မဒါနလမ်းဘေး၌ ကြွေပစ်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ မြောက်ဥက္ကလာပ မြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ကျော်ဇံ(၅၄)နှစ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇) ရပ်ကွက်နေ ရဲထွန်း(၆၀)နှစ်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်နေ အောင်ထွန်း(၄၄)နှစ်တို့ သုံးဦးအား ကြွေပစ်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေး ငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်ဇံပါ သုံးဦးအား တာမွေမြို့မရဲစခန်း (ပ)၃၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ လျှောက်လွှာခေါ်ယူခြင်း
Posted on Jan 29, 2026သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ လျှောက်လွှာခေါ်ယူခြင်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Posted on Jan 29, 2026ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
