ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ ကြွေပစ်လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ ကြွေပစ်လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / January 29, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ ကြွေပစ် လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ဓမ္မဒါနလမ်းဘေး၌ ကြွေပစ်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ မြောက်ဥက္ကလာပ မြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ကျော်ဇံ(၅၄)နှစ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇) ရပ်ကွက်နေ ရဲထွန်း(၆၀)နှစ်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်နေ အောင်ထွန်း(၄၄)နှစ်တို့ သုံးဦးအား ကြွေပစ်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေး ငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်ဇံပါ သုံးဦးအား တာမွေမြို့မရဲစခန်း (ပ)၃၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
