ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ ဖိုက်ဘာစက်လှေ နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ ဖိုက်ဘာစက်လှေ နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / March 04, 2026
၂၀၂၆ ခုနှစ်၊ မတ် ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ဖိုက်ဘာစက်လှေ နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တံခွန်တိုင်လေးကျေးရွာအနီး ရွှေမယင်းချောင်းအတွင်း၌ ဖိုက်ဘာစက်လှေ နှစ်စီး တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ တွံတေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေမယင်းချောင်းအတိုင်း ဇီးဖြူကုန်းကျေးရွာမှ တူးချောင်းလေးကျေးရွာဘက်သို့ ဇီးဖြူကုန်းကျေးရွာနေ ဦးရန်အောင်(၃၈)နှစ် မောင်းနှင်ပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ လိုက်ပါလာသည့် ဖိုက်ဘာ စက်လှေသည် အခင်းဖြစ်နေရာအရောက်၌ မျက်နှာချင်းဆိုင်ဘက်မှ တစ်ရွာတည်းနေ ဦးအေးထွန်း(၅၃)နှစ် မောင်းနှင် လာသည့် ဖိုက်ဘာစက်လှေနှင့် မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးအေးထွန်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် ရန်အောင်နှင့် အေးထွန်းတို့ နှစ်ဦးအား တွံတေးမြို့မရဲစခန်း (ပ)၅၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
