ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့၌ စက်သုံးဆီများ တရားမဝင် လက်ဝယ်ထားရှိသူများအား ဖမ်းဆီးအရေးယူ
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့၌ စက်သုံးဆီများ တရားမဝင် လက်ဝယ်ထားရှိသူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / March 04, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်နှင့် သန်လျင် မြို့နယ်တို့၌ စက်သုံးဆီများ တရားမဝင် လက်ဝယ်ထားရှိသူများအား ဖမ်း ဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်း မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရေနံထွက်ပစ္စည်းစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ကျောက် တန်းမြို့နယ်၊ ရွှေပြည်သာယာရပ်ကွက်နေ ဦးရဲအောင်(၄၆)နှစ်၏ နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့ရာ နေအိမ်ခြံဝင်းအတွင်းမှ လုပ်ငန်းလိုင်စင်မရှိဘဲ တရားမဝင် သို လှောင်ရောင်းချလျက်ရှိသော ဒီဇယ်ဆီ ၅၀၀ ဂါလန်(တန်ဖိုးငွေ ၅,၄၇၃,၃၈၄ ကျပ်ခန့်)နှင့် စက်သုံးဆီရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား စစ် ဆေးတွေ့ရှိရသဖြင့် ရဲအောင် အား သီလဝါနယ်မြေရဲစခန်း (ပ)၅/၂၀၂၆ ဖြင့် လည်းကောင်း၊၊
အလားတူ နံနက် ၉ နာရီ ၅၀ မိနစ်တွင် ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာနေ ဦးသိန်းထိုက်(၃၇)နှစ်၏နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့ရာ နေအိမ်ခြံဝင်းအ တွင်းမှ လုပ်ငန်း လိုင်စင်မရှိဘဲ တရားမဝင် သိုလှောင်ရောင်းချလျက်ရှိသော ဓာတ်ဆီ ၇၉၀၀ ဂါလန်(တန်ဖိုးငွေ ၈၁,၂၇၁,၁၁၉ ကျပ်ခန့်)၊ ဒီဇယ်ဆီ ၆၀၀ ဂါလန်(တန်ဖိုးငွေ ၆,၅၆၆,၆၁၆ ကျပ်ခန့်)တို့နှင့် စက်သုံးဆီရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား စစ်ဆေးတွေ့ရှိရသဖြင့် သိန်းထိုက် အား သီလဝါနယ်မြေရဲစ ခန်း (ပ)၆/၂၀၂၆၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် လည်းကောင်း။
ထို့နောက် နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် အဆိုပါပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် သန်လျင် မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု၊ ထန်းပင်ဆိပ်ကျေးရွာနေ ဒေါ်ခင်ခင်ထွေး(၅၆)နှစ်၏ နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့ရာ နေအိမ်ခြံဝင်းအတွင်း ပီပါများအတွင်းမှ လုပ်ငန်းလိုင်စင်မရှိဘဲ တရားမဝင် သိုလှောင်ရောင်းချလျက်ရှိသော ဒီဇယ်ဆီ ၅၀၀ ဂါလန်(တန်ဖိုးငွေ ၅,၄၇၃,၃၈၄ ကျပ်ခန့်)နှင့် စက်သုံးဆီရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား စစ်ဆေးတွေ့ရှိရသဖြင့် ဒေါ်ခင်ခင်ထွေး အား သန်လျင်မြို့မရဲစခန်း (ပ)၈၂/၂၀၂၆၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
