ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၌ ဂိုဒေါင် မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၌ ဂိုဒေါင် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / April 10, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၌ ပိုင်ရှင် ဦးခင်မောင်တင်(၆၄)နှစ်၏ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ သံဇကာအကာ၊ ပျဉ်ခင်း တစ်ထပ် ဂိုဒေါင်တွင် လူစောင့်မရှိဘဲ လျှပ်စစ်ရေနွေးအိုးတည်ထားရာမှတစ်ဆင့် အပူလွန်ကဲပြီး အနီးရှိ အဝတ်အထည်များသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ သံဇကာအကာ၊ ပျဉ်ခင်း တစ်ထပ် ဂိုဒေါင် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဂိုဒေါင်အစောင့်ဖြစ်သူ ဦးတင်အေး အား လှော်ကားနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
