ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ ရပ်တန့်ထားသော မော်တော်ယာဉ်အား ၁၂ ဘီး မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် ယာဉ်မောင်းနှင့် ကလေးငယ် တစ်ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ ရပ်တန့်ထားသော မော်တော်ယာဉ်အား ၁၂ ဘီး မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် ယာဉ်မောင်းနှင့် ကလေးငယ် တစ်ဦး သေဆုံး


Ministry of Home Affairs/ နေပြည်တော် / May 13, 2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ ရပ်တန့်ထားသော မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သည့် ၁၂ ဘီး မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၆ ခုနှစ်၊ မေ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ ရပ်တန့် ထားသော မော်တော်ယာဉ်အား ၁၂ ဘီး မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် ယာဉ်မောင်းနှင့် ကလေးငယ် တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၁၁ ရက် ည ၁၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၆၉ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဥက္ကံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဥက္ကံမြို့မှ သုံးဆယ်မြို့သို့ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နေ ဦးဇေယျာလင်း(၄၅)နှစ် မောင်းနှင်ပြီး မောင်သော်ဇင်ဦး(၅)နှစ်နှင့် ယာဉ်အကူဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်းမမြို့နေ မောင်အောင်သက်ပိုင်ဖြိုး(၂၁)နှစ် လိုက်ပါလာသော YGN-44/6E-XXXX HINO PROFIA အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လားရာတူလမ်းဘေးတွင် စုံမီးပြကာ ရပ်တန့်ထားသော ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နေ ဦးဇော်မျိုးထွန်း(၄၃)နှစ် မောင်းနှင်သည့် BGO-28/6K-XXXX MITSUBISHI FUSO အမျိုးအစား ၂၂ ဘီး မော်တော်ယာဉ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိခဲ့ပြီး ဦးဇေယျာလင်းနှင့် မောင်သော်ဇင်ဦးတို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သဖြင့် ဇေယျာလင်း အား ဥက္ကံနယ်မြေရဲစခန်း ယာဉ်(ပ)၅/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 13, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Posted on May 12, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Posted on May 11, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on May 10, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Posted on May 09, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Posted on May 08, 2026
AnnouncementsExplore more >

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Posted on May 13, 2026

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on May 12, 2026

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း