ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင် တောမီးလောင်ကျွမ်းမှု

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင် တောမီးလောင်ကျွမ်းမှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 15, 2025


     ၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက် မွန်းတည့် ၁၂ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ဥဿဖုရားလမ်းတွင် ကိုင်းတောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်း၊ ရွှေပြည်သာစက်မှုဇုန်နှင့် လှော်ကားနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီ ၂၆ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း။

     အလားတူ မတ် ၁၄ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရွှေဘုန်းပွင့်တောင်တွင် တောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ကြီးမြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၀ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မတ် ၁၅ ရက် နံနက် ၁ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း။

     အလားတူ မတ် ၁၄ ရက် ည ၇ နာရီ ၁၀ မိနစ်ခန့်က နေပြည်တော်၊ ဉတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ ပိတောက်လမ်း၊ သရက်ရှင်းဆည်အနီး တောင်ပေါ်တွင် တောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၅၀ မိနစ်တွင် အသီးသီးမီးငြိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Posted on May 09, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Posted on May 08, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 07, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Posted on May 06, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Posted on May 05, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 04, 2025
HOT NEWS
January 4,