ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူများအား ဝင်ရောက်တိုက်မိ၍ လမ်းဖြတ်ကူးသူ အမျိုးသမီး နှစ်ဦး သေဆုံး
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူများအား ဝင်ရောက်တိုက်မိ၍ လမ်းဖြတ်ကူးသူ အမျိုးသမီး နှစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / July 06, 2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်က မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူများအား ဝင်ရောက်တိုက်မိ၍ လမ်းဖြတ်ကူးသူ အမျိုးသမီး နှစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် ည ၁၀ နာရီ ၄၀ မိနစ်တွင် သန်လျင်မြို့နယ်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်လမ်းထိပ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကျိုက်ခေါက်ဘုရားလမ်းအတိုင်း တောင်မှ မြောက်သို့ မြောက်ဥက္ကလာပမြို့နယ်၊ (ဂ)ရပ်ကွက်နေ နေလင်းထွဋ်(၄၄)နှစ် မောင်းနှင်လာသည့် 5Q/XXXX ERTIGA မော်တော်ယာဉ်သည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်လမ်းထိပ်အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာနေ မနှင်းနှင်းဝေ(၃၆)နှစ်နှင့် တစ်ရွာတည်းနေ ဒေါ်ညိုညိုအေး(၄၉)နှစ်တို့အား ဝင်ရောက်တိုက်မိခဲ့သဖြင့် မနှင်းနှင်းဝေနှင့် ဒေါ်ညိုညိုအေးတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် နေလင်းထွဋ် အား သန်လျင်မြို့မရဲစခန်း ယာဉ်(ပ)၂၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Posted on Jul 8, 2025ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Posted on Jul 4, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း