ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ဓားထိုးမှုဖြစ်ပွားခဲ့သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးဒဏ်ရာရရှိမှုမှ ပြစ်မှုကျူးလွန်သူ တရားခံအမျိုးသားတစ်ဦးအား ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ဓားထိုးမှုဖြစ်ပွားခဲ့သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးဒဏ်ရာရရှိမှုမှ ပြစ်မှုကျူးလွန်သူ တရားခံအမျိုးသားတစ်ဦးအား ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / August 10, 2025
image_latest


နေပြည်တော်၊ ဩဂုတ် ၁၀

၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ဒေါ်စမ်းစမ်းအေး (၅၉) နှစ်သည် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ ဦးလတ်ခန်အရေ (၃၀) နှစ်နှင့်အတူ ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာမှ နေအိမ်သို့ပြန်ရန် မြန်မာပလာဇာအောက်ထပ်ကားပါကင်၌ ရပ်ထားသည့် ကားအနီးသို့ ရောက်ရှိစဉ် အမျိုးသားနှစ်ဦး (စိစစ်ဆဲ) မှ ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စမ်းစမ်းအေးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးလတ်ခန်အရေတွင် ဓားဒဏ်ရာများရရှိခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဗဟန်းမြို့ မရဲစခန်း၌ (ပ) ၁၉၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ တရားခံ ၂ ဦးမှာ မြန်မာပလာဇာသို့ YGN-43 11/1190 Toyota Vitz အမျိုးအစား ခဲရောင်ယာဉ်ဖြင့် ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၇ မိနစ်အချိန်တွင် ရောက်ရှိလာပြီး B2 ကားပါကင်တွင် ရပ်ထားခဲ့ကြောင်း၊ သေဆုံးသူ ဒေါ်စမ်းစမ်းအေးစီးနင်းလာသည့် YGN-13 4M-8749 Toyota Harrier အဖြူရောင်ယာဉ်သည် မွန်းလွဲ ၂ နာရီ ၂ မိနစ်အချိန်တွင်ရောက်ရှိလာပြီး B2 ကားပါကင် A ဇုံအနီးတွင် ရပ်တန့်၍ ဒေါ်စမ်းစမ်းအေးနှင့် ဦးလတ်ခန်အရေတို့ ၂ ဦးသည် မော်တော်ယာဉ်ပေါ်မှဆင်းပြီး မြန်မာပလာဇာပေါ်သို့ တက်သွားခဲ့ကြောင်း၊ တရားခံ ၂ ဦး စီးနင်းလာသည့် မော်တော်ယာဉ်သည် ဒေါ်စမ်းစမ်းအေးစီးနင်းလာသည့် မော်တော်ယာဉ်အနီးသို့ ပြောင်းလဲရပ်တန့်ခဲ့ပြီးနောက် ညနေ ၄ နာရီ ၂၇ မိနစ်အချိန်တွင် ဒေါ်စမ်းစမ်းအေးနှင့် ဦးလတ်ခန်အရေတို့ ၂ ဦးသည် မြန်မာပလာဇာပေါ်မှ ဆင်းလာပြီး ၎င်းတို့ ကားရပ်ထားသည့်နေရာသို့ သွားရောက်စဉ် တရားခံ ၂ ဦးမှ ကားပေါ်မှဆင်းပြီး ဒေါ်စမ်းစမ်းအေးအား ဓားဖြင့်ထိုးခဲ့ကြောင်း၊ ဦးလတ်ခန်အရေမှ ပြန်လည်ခုခံသဖြင့် တရားခံ ၁ ဦးမှ ဝင်ရောက်ထိုးကြိတ်ခဲ့ကြောင်း၊ တရားခံ ၂ ဦးသည် အခင်းဖြစ်နေရာမှ မြန်မာပလာဇာရှေ့ ကမ္ဘာအေး YGN-33 FF-1233 Toyota Caldina အဖြူရောင်ယာဉ်အား ငှားရမ်းပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်သွားကြောင်း၊ YGN-33 FF-1233 Toyota Caldina ယာဉ်မောင်းအား စစ်ဆေးခဲ့ရာ အဆိုပါတရားခံ ၂ ဦးအား အင်းစိန်မြို့နယ်၊ ပြည်လမ်း ၁၀ မိုင်ကုန်းကားမှတ်တိုင်အနီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ တရားခံ ၂ ဦး၏ CCTV မှတ်တမ်းအား ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူ မပိုပိုအိန္ဒြာချစ်အား ပြသမေးမြန်းခဲ့ရာ တစ်ဦးမှာ မိခင်ဖြစ်သူနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းအတူ လုပ်ကိုင်ပြီး မိခင်ဖြစ်သူအား အကြွေးပေးရန်ရှိသူ တောင်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ INNO City တွင် တည်းခိုနေထိုင်သူ မြတ်သူရကျော် (၃၁) နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးစုံစမ်းဖော်ထုတ်ခဲ့ရာ ဩဂုတ်လ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မြစ်ငယ်-ထုံးဘိုလမ်းခွဲမြို့မအဝင်ဂိတ်တွင် ၎င်း၏ဇနီးဖြစ်သူ မအေးစုအိစံ (ခ) ဘေဘီ (၂၆) နှစ် (ဘ) ဦးဝင်းချို အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ သိပ္ပံ (၉) လမ်း၊ Royal Thiri ကွန်ဒို၊ အမှတ် (၆၀၈) နေသူနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ တရားခံမြတ်သူရကျော်အား စစ်ဆေးချက်အရ ၎င်းသည် သေဆုံးသူ ဒေါ်စမ်းစမ်းအေးအားပေးရန် အကြွေးများရှိသဖြင့် ငွေကြေးလိုအပ်ချက်များကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်သူ အမျိုးသားတစ်ဦး (စိစစ်ဆဲ) အား ဖမ်းဆီးရမိနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 13, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။


Posted on Aug 12, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။


Posted on Aug 10, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 10, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။


Posted on Aug 09, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။


Posted on Aug 08, 2025
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှအသိပေးကြေညာခြင်း

Posted on Aug 12, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှအသိပေးကြေညာခြင်း

သတင်းထုတ်ပြန်ချက်

Posted on Aug 9, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ၇-၈-၂၀၂၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့၊ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၈-၈-၂၀၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”

Posted on Aug 7, 2025

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”