ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ဓားထိုးမှု ဖြစ်ပွားခဲ့သဖြင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုမှ ပြစ်မှုကျူးလွန်သူ တရားခံ အမျိုးသား တစ်ဦးအား ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ဓားထိုးမှု ဖြစ်ပွားခဲ့သဖြင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုမှ ပြစ်မှုကျူးလွန်သူ တရားခံ အမျိုးသား တစ်ဦးအား ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / August 12, 2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မြန်မာပလာဇာ၌ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦး တို့အား ဓားဖြင့်ထိုးခဲ့သည့် တရားခံ မြတ်သူရကျော်အား ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် သက်သေခံမော်တော်ယာဉ်၊ သက်သေခံဓားတို့နှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၅ ရက် ညနေ ၄ နာရီ ၂၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ဒေါ်စမ်းစမ်းအေး(၅၉)နှစ်သည် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ ဦးလတ်ခန်အရေ(၃၀)နှစ်နှင့်အတူ ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာမှ နေအိမ်သို့ပြန်ရန် မြန်မာပလာဇာအောက်ထပ်ကားပါကင်၌ ရပ်ထားသည့် ကားအနီးသို့ ရောက်ရှိစဉ် အမျိုးသား နှစ်ဦး(စိစစ်ဆဲ)မှ ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စမ်းစမ်းအေးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးလတ်ခန်အရေတွင် ဓားဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဗဟန်းမြို့မရဲစခန်း၌ (ပ)၁၉၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     အမှုမှ ပြစ်မှုကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ တရားခံ နှစ်ဦးမှာ မြန်မာပလာဇာသို့ YGN-43/1I-XXXX TOYOTT VITZ အမျိုးအစား ခဲရောင်မော်တော်ယာဉ်ဖြင့် ဩဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီ ၅၇ မိနစ်တွင် ရောက်ရှိလာပြီး B2 ကားပါကင်တွင် ရပ်ထားခဲ့ကြောင်း၊ သေဆုံးသူ ဒေါ်စမ်းစမ်းအေး စီးနင်းလာသည့် YGN-13/4M-XXXX TOYOTA HARRIER အဖြူရောင်မော်တော်ယာဉ်သည် မွန်းလွဲ ၂ နာရီ ၂ မိနစ်တွင် ရောက်ရှိလာပြီး B2 ကားပါကင် A ဇုန်အနီး၌ ရပ်တန့်၍ ဒေါ်စမ်းစမ်းအေးနှင့် ဦးလတ်ခန်အရေတို့ နှစ်ဦးသည် မော်တော်ယာဉ်ပေါ်မှဆင်းပြီး မြန်မာပလာဇာပေါ်သို့ တက်သွားခဲ့ကြောင်း၊ တရားခံ နှစ်ဦး စီးနင်းလာသည့် မော်တော်ယာဉ်သည် ဒေါ်စမ်းစမ်းအေး စီးနင်းလာသည့် မော်တော်ယာဉ်အနီးသို့ ပြောင်းလဲရပ်တန့်ခဲ့ပြီးနောက် ညနေ ၄ နာရီ ၂၇ မိနစ်တွင် ဒေါ်စမ်းစမ်းအေးနှင့် ဦးလတ်ခန်အရေတို့ နှစ်ဦးသည် မြန်မာပလာဇာပေါ်မှ ဆင်းလာပြီး ၎င်းတို့ ကားရပ်ထားသည့်နေရာသို့ သွားရောက်စဉ် တရားခံ နှစ်ဦးမှ ကားပေါ်မှဆင်းပြီး ဒေါ်စမ်းစမ်းအေးအား ဓားဖြင့်ထိုးခဲ့ကြောင်း၊ ဦးလတ်ခန်အရေမှ ပြန်လည်ခုခံသဖြင့် တရားခံ တစ်ဦးမှ ဝင်ရောက် ထိုးကြိတ်ခဲ့ကြောင်း။

     တရားခံ နှစ်ဦးသည် အခင်းဖြစ်နေရာမှ မြန်မာပလာဇာရှေ့ ကမ္ဘာအေးဘုရားလမ်းပေါ်သို့ ထွက်ပြေးကာ တက္ကစီယာဉ်အမှတ် YGN-33/FF-XXXX TOYOTA CALDINA အဖြူရောင် မော်တော်ယာဉ်အား ငှားရမ်းပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်သွားကြောင်း၊ YGN-33/ FF-XXXX TOYOTA CALDINA ယာဉ်မောင်းအား စစ်ဆေးခဲ့ရာ အဆိုပါတရားခံ နှစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပြည်လမ်း ၁၀ မိုင်ကုန်း ကားမှတ်တိုင်အနီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ တရားခံ နှစ်ဦး၏ CCTV မှတ်တမ်းအား ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူ မပိုပိုအိန္ဒြာချစ်အား ပြသမေးမြန်းခဲ့ရာ တစ်ဦးမှာ မိခင်ဖြစ်သူနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းအတူ လုပ်ကိုင်ပြီး မိခင်ဖြစ်သူအား အကြွေးပေးရန်ရှိသူ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ INNO CITY တွင် တည်းခိုနေထိုင်သူ မြတ်သူရကျော်(၃၁)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခဲ့ရာ ဩဂုတ် ၆ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မြစ်ငယ်-ထုံးဘိုလမ်းခွဲ မြို့မအဝင်ဂိတ်တွင် အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ သိပ္ပံ(၉)လမ်း၊ Royal Thiri ကွန်ဒို၊ အမှတ်(၆၀၈)နေ ၎င်း၏ဇနီးဖြစ်သူ မအေးစုအိစံ(ခ)ဘေဘီ(၂၆)နှစ်(ဘ)ဦးဝင်းချိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

     ဖမ်းဆီးရမိသူ တရားခံ မြတ်သူရကျော်အား စစ်ဆေးချက်အရ ၎င်းသည် သေဆုံးသူ ဒေါ်စမ်းစမ်းအေးအားပေးရန် အကြွေးများရှိသဖြင့် ငွေကြေးလိုအပ်ချက်များကြောင့် လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်သူ အမျိုးသား တစ်ဦး(စိစစ်ဆဲ)အား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။


Posted on Aug 15, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။


Posted on Aug 14, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 13, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။


Posted on Aug 12, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။


Posted on Aug 10, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 10, 2025
AnnouncementsExplore more >

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် တုံ့ပြန်ဆောင်ရွက်နေမှု အခြေအနေများအား ပြည်သူသို့ အသိပေးသတင်းထုတ်ပြန်ခြင်း

Posted on Aug 14, 2025

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က အင်အား ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခုတွင် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများအပါအဝင် အခြေခံအဆောက်အအုံများ သောင်းနှင့်ချီ၍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

မြန်မာနိုင်ငံပြန်တမ်း

Posted on Aug 13, 2025

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးကို သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှအသိပေးကြေညာခြင်း

Posted on Aug 12, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှအသိပေးကြေညာခြင်း