ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးကုသခြင်း အောင်မြင်စွာဆောင်ရွက်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးကုသခြင်း အောင်မြင်စွာဆောင်ရွက်
Ministry of Information/ Naypyitaw / June 17, 2025

ရန်ကုန် ဇွန် ၁၆
ကျန်းမာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နိုင်ငံတကာအဆင့်မီ ခုနစ်ထပ်ဆောင်သစ်၊ သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာန (Bone marrow Transplant Center) ၌ ၂၀၂၅ ခုနှစ် မေလအတွင်း ခြင်ဆီကင်ဆာလူနာသုံးဦးနှင့် သွေးပြန်ရေကျိတ်ကင်ဆာလူနာတစ်ဦး စုစုပေါင်း လူနာလေးဦးအား ခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါလူနာလေးဦးတွင် လူနာသုံးဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရရှိပြီး ကျန်လူနာတစ်ဦးမှာလည်း ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း၊ ၎င်းမှာ သွေးပြန်ရည်ကျိတ်ကင်ဆာ (lymphoma) ရောဂါခံစားနေရသူဖြစ်ပြီး အေးခဲခြင်ဆီ (Cryopreservation) ပြုလုပ်၍ ခြင်ဆီအစားထိုးကုသမှု ပထမဆုံးဆောင်ရွက်ခဲ့သည့် လူနာဖြစ်ကြောင်း သိရသည်။
လူနာလေးဦးမှာ ကျုံပျော်မြို့နယ် ဧရာဝတီတိုင်းဒေသကြီးမှ ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မန္တလေးမြို့မှ ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ရွှေပြည်သာမြို့နယ် ရန်ကုန်မြို့မှ ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်မြို့မှ ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး အဆိုပါခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြု ကြီး/ငယ်များ၊ အထောက်အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ် ယခုအချိန်အထိ လေးဦးစုစုပေါင်း ၁၉ ဦးကို ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူများ ကျန်းမာရေးကုန်ကျစရိတ်သက်သာစေရေးအတွက် ပြည်တွင်းမှာပင် ခြင်ဆီအစားထိုးကုသခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 17, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က ၂၇-၆-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Jun 17, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Posted on Jun 14, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။