ရန်ကုန် - နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲပေးလျက်ရှိသည့် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းသစ်အား ခဲဖြင့်ပေါက်သူဖမ်းဆီးရမိ

ရန်ကုန် - နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲပေးလျက်ရှိသည့် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းသစ်အား ခဲဖြင့်ပေါက်သူဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / November 01, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၃၁

မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာသွားလာနိုင်စေရေးအတွက်   ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်ဖြင့် အမှတ်(၇)အဆန်၊ အမှတ်(၈)အစုန်အမြန်ရထားနှင့်အမှတ်(၃၁)အဆန်၊ အမှတ်(၃၂)အစုန် အမြန်ရထားများပြေးဆွဲပေးလျက်ရှိရာ အောက်တိုဘာ  ၂၈ ရက် မွန်းလွဲ ၂ နာရီ ၅၉ မိနစ်တွင် အမှတ်  (၇)အဆန်ရထားအား ဖြူးနှင့်ဇေယျဝတီဘူတာအကြားကားလမ်းကူးနေရာအရောက် ရထားသံလမ်းအနောက်ဘက်မှခဲဖြင့်ပစ်ပေါက်ခဲ့သဖြင့် ပထမတန်းတွဲအမှတ်- ၂ DEMU F-1010 တွဲ၏ ခုံအမှတ် ၃၊ ၄၊ ၅၊ ၆ နေရာရှိ ပြတင်းပေါက်မှန် နှစ်လက်မခွဲခန့် ပေါက်သွားပြီး ခရီးသည်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်ပွားရာနေရာသို့ ဖြူးမြို့နယ်ရထားရဲတပ်ဖွဲ့၊ ဖြူးမြို့နယ်ရဲစခန်းနှင့် ဖြူးမြို့မ အရှေ့ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးရာ ရထားလမ်း၏အနောက်ဘက်ချုံပုတ်အနီးတွင် တရားခံဖြစ်သူထက်ဦးလွင်(ခ)ငထော်နီ(ဘ)ဦးသိန်းနိုင်၊  အသက်(၁၈) နှစ်၊ သင်္ချိုင်းကုန်းကွက်သစ်၊ ဗထူး(၆)လမ်း၊ အုတ်ဖြတ်ရပ်ကွက်  ဖြူးမြို့နယ်နေသူအား ဖမ်းဆီးရမိသဖြင့် ဖြူးမြို့နယ်ရဲစခန်းတွင်ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူနိုင်ရေးအမှုဖွင့်ဆောင်ရွက်လျကရှိကြောင်းနှင့် အဆိုပါဖြစ်စဉ်ကြောင့် ရထားကြန့်ကြာမှုမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲခဲ့ကြောင်း သိရှိရသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း(သို့မဟုတ်)တစ်စုံတစ်ရာ  ပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄)အရ ထိုသူကို အနည်းဆုံး  ၅  နှစ်မှနှစ် ၂၀ အထိမပိုသောထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်းချမှတ်နိုင်ကြောင်းသိရှိရပြီး ဥပဒေနှင့်အညီဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများအဆင်ပြေကောင်းမွန်စွာ ခရီးသွားလာရေးနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းသွားရန်လိုအပ်ကြောင်း သိရှိရသည်။    

 မြန်မာ့မီးရထား

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Posted on Nov 01, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Posted on Oct 31, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Oct 30, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 29, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025
AnnouncementsExplore more >

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

HOT NEWS
January 4,