ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိလိုက်နာဆောင်ရွက်နိုင်ရန် သတင်းထုတ်ပြန်ကြေညာချက်

ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိလိုက်နာဆောင်ရွက်နိုင်ရန် သတင်းထုတ်ပြန်ကြေညာချက်


Ministry of Information/ Naypyitaw / December 23, 2025
image_latest


(၂၂-၁၂-၂၀၂၅)

၁။      ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် ဆောင်းရာသီဖြစ်သည့် စက်တင်ဘာလမှစတင်၍ ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်သော်လည်းကောင်း၊ အာရှဒေသအပါအဝင် ကမ္ဘာ့ဒေသများတွင် သော်လည်းကောင်း မြင့်တက်လျက်ရှိကြောင်း၊ သို့ရာတွင် နှစ်စဉ်ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုများထက် ပိုမို၍ကူးစက်ဖြစ်ပွားခြင်းမရှိကြောင်း၊ ယခုနှစ်တွင် ကမ္ဘာ့ဒေသအသီးသီး၌ Influenza A (H3N2) ရာသီတုပ်ကွေးရောဂါပိုးသည် အဓိကကူးစက် ဖြစ်ပွားသည့် ရာသီတုပ်ကွေးရောဂါပိုးအမျိုးအစားဖြစ်ပြီး Influenza A (H3N2) Subclade K ရောဂါပိုး ကူးစက်မှုအားလည်း လွန်ခဲ့သော (၆)လအတွင်း ကမ္ဘာ့နိုင်ငံ(၃၄)နိုင်ငံတွင် တွေ့ရှိခဲ့ကြောင်း၊ ၎င်းရောဂါ ပိုးများအား လက်ရှိထိုးနှံနေသည့် တုပ်ကွေးရောဂါ ကာကွယ်ဆေးများ ဖြင့်လည်း ကာကွယ်၍ရနိုင်ကြောင်းနှင့် ပြင်းထန်ရောဂါဖြစ်ပွားလာပါက လက်ရှိအသုံးပြုနေသော ဆေးဝါးများဖြင့် ကုသမှုပေးနိုင်ကြောင်း ဖော်ပြထားရှိပါသည်။

၂။       ကျန်းမာရေးဝန်ကြီးဌာနသည် တုပ်ကွေးရောဂါ အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်ပွားမှုအား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။ ထိုသို့ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုသတင်းအချက်အလက်များအရ Influenza A H3N2 အမျိုးအစား ရာသီတုပ်ကွေးရောဂါပိုးသည် ယခင်နှစ်များကပင် မြန်မာနိုင်ငံ၌ကူးစက်ဖြစ်ပွားခဲ့ပြီး ယခုနှစ် စက်တင်ဘာလမှစတင်၍လည်း အဓိကကူးစက်ဖြစ်ပွားသည့် ရာသီတုပ်ကွေးရောဂါပိုး အမျိုးအစားဖြစ်ကြောင်းနှင့် Influenza A (H3N2) Subclade K ရောဂါပိုးကိုမူ ဓာတ်ခွဲစစ်ဆေးမှုများအရ မြန်မာနိုင်ငံတွင် မတွေ့ရှိသေးသော်လည်း လူထုအတွင်း Influenza A (H3N2)ရောဂါပိုးကို ကာကွယ်နိုင်မည့် ကိုယ်ခံစွမ်းအား အသင့်အတင့်ရှိနေမည်ဖြစ်ခြင်း၊ လက်ရှိအသုံးပြုနေသည့် တုပ်ကွေးရောဂါကာကွယ်ဆေးများနှင့် ကုသသည့်ဆေးဝါးများဖြင့်လည်း ကာကွယ်ကုသနိုင်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်ရန်မလိုကြောင်း သုံးသပ်ပါသည်။

၃။      ရာသီတုပ်‌ကွေးရောဂါပိုးသည် အသက်အရွယ်မရွေး ကူးစက်ဖြစ်ပွားနိုင်ပြီး ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများ၊ ကိုယ်ခံအား စနစ်ကျဆင်းနေသူများ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ ကင်ဆာရောဂါနှင့် အာရုံကြောရောဂါကဲ့သို့သော နာတာရှည်ရောဂါအခံရှိသူများနှင့် ကိုယ်ဝန်ဆောင်များတွင် ရောဂါကူးစက်ဖြစ်ပွားပါက ရောဂါပိုမိုပြင်းထန်နိုင်ခြေရှိပါသည်။ ရာသီတုပ်ကွေးရောဂါပိုးသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းမှ ထွက်ရှိသည့် အစက်အမှုန်များမှတစ်ဆင့်ကူးစက်ခြင်း (Droplet transmission)၊ ရောဂါကူးစက်ခံစားနေရသူနှင့် ထိတွေ့ခြင်း သို့မဟုတ် လက်ဆွဲနှုတ်ဆက်ခြင်း အစရှိသော အနီးကပ်ထိတွေ့ခြင်း၊ ရောဂါပိုးကပ်ငြိနေသည့် အရာဝတ္ထု အသုံးအဆောင်ပစ္စည်းများနှင့်မျက်နှာပြင် များမှတစ်ဆင့် ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့အား ထိတွေ့ခြင်းတို့မှ ကူးစက်နိုင်ပါသည်။

၄။      သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ရာသီတုပ်ကွေးရောဂါပိုးကဲ့သို့သော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကူးစက်မခံရစေရေး အောက်ဖော်ပြပါ ရောဂါကာကွယ်နိုင်သည့် နည်းလမ်းများအား လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါ ရန် တိုက်တွန်းအပ်ပါသည် -

          (က)    ဆပ်ပြာ၊ ရေ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးခြင်း၊

          (ခ)     ရောဂါပိုးကူးစက်ခြင်းခံရသူ သို့မဟုတ် သံသယလူနာများနှင့် ခပ်ခွာခွာနေခြင်း၊

          (ဂ)     ဖျားနာခြင်းအစရှိသော သံသယလက္ခဏာရှိသူများအနေဖြင့် နှာချေချောင်းဆိုးခြင်း ခံစားနေရပါက ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ခြင်း။

ကျန်းမာရေးဝန်ကြီးဌာန

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း