ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ ကျန်းမာရေး အသိပေးနှိုးဆော်ချက်
ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ ကျန်းမာရေး အသိပေးနှိုးဆော်ချက်
Ministry of Information/ Naypyitaw / April 06, 2026
၂၀၂၆ ခုနှစ် ရိုးရာအတာသင်္ကြန်ပွဲတော်တွင် မိဘပြည်သူများ ကျန်းမာရေးနှင့်အညီ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြနိုင်ရေး အောက်ဖော်ပြပါ ကျန်းမာရေးအသိပေးချက်များကို သတိပြုလိုက်နာ ဆောင်ရွက်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-
(က) အပူဒဏ်အန္တရာယ်မှကာကွယ်ရန်အတွက် နေ့လယ်ပိုင်းနေရောင်ပြင်းထန်ချိန်တွင် အရိပ်ရသည့် နေရာများတွင် နားနေပါ။ အပြင်ထွက်ပါက (ထီး၊ ဦးထုပ် စသည်) တို့ကို အသုံးပြုပါ။ ရေဓာတ်ခန်းခြောက်မှုမှ ကာကွယ်ရန် သန့်ရှင်းသည့်သောက်ရေကို မကြာခဏသောက်ပါ။ အရက်သောက်သုံးခြင်းသည် အပူဒဏ်အန္တရာယ် ပိုမိုပြင်းထန်စွာ ခံစားရနိုင်သည်ကို အထူးသတိပြုပါ၊
(ခ) ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများမှ ကြိုတင်ကာကွယ်ရန်အတွက် ရေကစားရာတွင် သန့်ရှင်းသောရေကိုသာ အသုံးပြုနိုင်ရေးဆောင်ရွက်ပါ။ ရေကစားရာတွင် အသုံးပြုသောရေကို သောက်ခြင်းမပြုသင့်ပါ။ ရေကစားရာတွင် မျက်လုံး၊ နား၊ ပါးစပ်ထဲသို့ ရေများမဝင်အောင်သတိပြုပါ။ ဖိအားမြင့် အားပြင်းသည့်ရေပန်းဖြင့် မျက်နှာကိုတိုက်ရိုက်ပက်ခြင်းမှ ရှောင်ကြဉ်ပါ၊
(ဂ) ထိခိုက်ဒဏ်ရာနှင့် မတော်တဆမှုများကာကွယ်ရန်အတွက် စိုစွတ်လျက်ရှိသော လမ်းများတွင် ချော်လဲနိုင်၍ သတိထားပါ။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပါ။ အရက်သေစာသောက်သုံး၍ ယာဉ်မောင်းနှင်ခြင်းမှ လုံးဝရှောင်ကြည်ပါ၊
(ဃ) တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းမွန်ရန် လက်များကို မကြာခဏဆေးကြောပါ။ လတ်ဆတ်ပြီး သန့်ရှင်းသောအစားအစာများကိုသာ စားသုံးပါ။ အစားအသောက် ရောင်းချသူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေး သတိပြုဆောင်ရွက်ပါ။ အစားအစာများကို ယင်နားခြင်းနှင့် အခြား အညစ်အကြေးများ မဝင်ရောက်နိုင်ရန် စနစ်တကျဖုံးအုပ်ပါ၊
(င) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာရရှိပါက နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း သို့မဟုတ် ပြည်သူ့ဆေးရုံသို့ အမြန်ဆက်သွယ်၍ ဆေးကုသမှုခံယူပါ။
ကျန်းမာရေးဝန်ကြီးဌာန
အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
Posted on Apr 6, 2026အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
