ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ ကျန်းမာရေးအသိပေးနှိုးဆော်ချက်

ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ ကျန်းမာရေးအသိပေးနှိုးဆော်ချက်


Ministry of Information/ Naypyitaw / April 01, 2026
image_latest


၂၀၂၆ ခုနှစ် ရိုးရာအတာသင်္ကြန်ပွဲတော်တွင် မိဘပြည်သူများ ကျန်းမာရေးနှင့်အညီ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြနိုင်ရေး အောက်ဖော်ပြပါ ကျန်းမာရေးအသိပေးချက်များကို သတိပြုလိုက်နာ ဆောင်ရွက်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

(က) အပူဒဏ်အန္တရာယ်မှကာကွယ်ရန်အတွက် နေ့လယ်ပိုင်း နေရောင်ပြင်းထန်ချိန်တွင် အရိပ်ရသည့်နေရာများတွင် နားနေပါ၊ အပြင်ထွက်ပါက (ထီး၊ ဦးထုပ်စသည်) တို့ကို အသုံးပြုပါ၊ ရေဓာတ်ခန်းခြောက်မှုမှ ကာကွယ်ရန်သန့်ရှင်းသည့်သောက်ရေကို မကြာခဏသောက်ပါ၊ အရက်သောက်သုံးခြင်းသည် အပူဒဏ်အန္တရာယ် ပိုမိုပြင်းထန်စွာခံစားရနိုင်သည်ကို အထူးသတိပြုပါ၊

(ခ) ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများမှ ကြိုတင်ကာကွယ်ရန်အတွက် ရေကစားရာတွင် သန့်ရှင်းသောရေကိုသာ အသုံးပြုနိုင်ရေးဆောင်ရွက်ပါ၊ ရေကစားရာတွင် အသုံးပြုသောရေကို သောက်ခြင်းမပြုသင့်ပါ၊ ရေကစားရာတွင် မျက်လုံး၊ နား၊ ပါးစပ်ထဲသို့ ရေများမဝင်အောင်သတိပြုပါ၊ ဖိအားမြင့် အားပြင်းသည့်ရေပန်းဖြင့် မျက်နှာကို တိုက်ရိုက်ပက်ခြင်းမှ ရှောင်ကြဉ်ပါ၊

(ဂ) ထိခိုက်ဒဏ်ရာနှင့် မတော်တဆမှုများ ကာကွယ်ရန်အတွက် စိုစွတ်လျက်ရှိသောလမ်းများတွင် ချော်လဲနိုင်၍ သတိထားပါ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပါ၊ အရက်သေစာသောက်သုံး၍ ယာဉ်မောင်းနှင်ခြင်းမှ လုံးဝရှောင်ကြဉ်ပါ၊

(ဃ)   တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းမွန်ရန် လက်များကို မကြာခဏဆေးကြောပါ၊ လတ်ဆတ်ပြီး သန့်ရှင်းသော အစားအစာများကိုသာစားသုံးပါ၊ အစားအသောက် ရောင်းချသူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေး သတိပြုဆောင်ရွက်ပါ၊ အစားအစာများကို ယင်နားခြင်းနှင့် အခြားအညစ်အကြေးများ မဝင်ရောက်နိုင်ရန် စနစ်တကျဖုံးအုပ်ပါ၊

(င) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာရရှိပါက နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက် မှုဆေးခန်း သို့မဟုတ် ပြည်သူ့ဆေးရုံသို့ အမြန်ဆက်သွယ်၍ ဆေးကုသမှုခံယူပါ။

ကျန်းမာရေးဝန်ကြီးဌာန

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။