ရေကဏ္ဍစုံစီမံရေး ကျားမတန်းတူ ပါဝင်ပေး

ရေကဏ္ဍစုံစီမံရေး ကျားမတန်းတူ ပါဝင်ပေး


Ministry of Information/ Naypyitaw / March 22, 2026
image_latest


ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံး ရေကိုစနစ်တကျချွေတာအသုံးပြုရေး၊ လူတိုင်းလုံခြုံဘေးကင်းသည့် သောက်သုံးရေရရှိရန် တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို နှိုးဆော်အသိပေးသောအားဖြင့် နှစ်စဉ် မတ်လ ၂၂ ရက်နေ့ကို “ကမ္ဘာ့ရေနေ့” အဖြစ် သတ်မှတ်၍ ၁၉၉၃ ခုနှစ်မှစကာ ကမ္ဘာ့ရေနေ့အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကျင်းပလျက်ရှိသည်။ ကမ္ဘာ့ရေနေ့နှင့် စပ်လျဉ်း၍ နှစ်အလိုက် အထူးပြုသည့် အကြောင်းအရာကိုလည်း ဆောင်ပုဒ်များ သတ်မှတ်ပေးခဲ့ရာ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “ရေကဏ္ဍစုံစီမံရေး ကျား မတန်းတူပါဝင်ပေး” "Water and Gender" ဟူ၍ ဖြစ်သည်။ 

ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းကို ရေများက ဖုံးလွှမ်းထားရာတွင် ကမ္ဘာ့ရေထုစုစုပေါင်း၏ ၉၇ ဒသမ ၅ ရာခိုင်နှုန်းမှာ ပင်လယ်သမုဒ္ဒရာရေငန်များဖြစ်ပြီး ကျန် ၂ ဒသမ ၅ ရာခိုင်နှုန်းသာလျှင် ရေချိုများဖြစ်သည်။ အဆိုပါရေချိုများ၏ ၆၈ ရာခိုင်နှုန်းသည်လည်း ရေခဲတောင်များ၊ ဝင်ရိုးစွန်းများနှင့် လေထုအတွင်း မိုးတိမ်နှင့် ရေငွေ့များအဖြစ် တည်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ သန်းပေါင်း ၈၀၀၀ ကျော်သော လူသားတို့မှာ မြေပေါ်ရှိ ရေအားလုံး ၏ ဝ ဒသမ ၅ ရာခိုင်နှုန်းနှင့် မြေအောက်ရေ ၃ဝ ဒသမ ၁ ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သည်။ သို့ဖြစ်ရာ ရေသည် မိမိတို့ထင်သကဲ့သို့ သုံးမကုန်ဖြုန်းမကုန် လွန်စွာပေါများသည့် အရာမဟုတ်ဘဲ အကန့်အသတ်ဖြင့်သာရှိနေသည့် အရင်းအမြစ်တစ်ခုဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာမှုတစ်ရပ်အရ ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ ၁ ဒသမ ၄ သန်းသည် မသန့်ရှင်းသောရေကြောင့် ဖြစ်ပေါ်သည့် ရောဂါများနှင့် မိလ္လာမသန့်ရှင်းမှုတို့ကြောင့် သေဆုံးနေရကြောင်း၊ လူဦးရေ ၇၄ သန်းသည်လည်း တဖြည်းဖြည်းသက်တမ်းတိုလာကြောင်း သိရသည်။

ယခုနှစ် ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်မှာ မိသားစုသောက်သုံးရန် ရေစုဆောင်းမှုအတွက် အဓိကတာဝန်ယူဆောင်ရွက်ကြရသည့် ကမ္ဘာတစ်ခွင်ရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် အထူးပြုထားခြင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ရေအကျပ်အတည်းသည် မိသားစုအတွက် ရေစုဆောင်းကြရသည့် အမျိုးသမီးများ၊ မိန်းကလေးငယ်များအပေါ် မမျှတသည့် သက်ရောက်မှုရှိပြီး မကြာခဏဆိုသလိုပင်ရေအတွက် အလှမ်းဝေးသည့် နေရာများဆီသို့ သွားကြရသည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများသည် ရေစုဆောင်း ရန်အတွက် နေ့စဉ် နာရီပေါင်း သန်း ၂၅၀ ခန့် ကုန်ဆုံးကြရသည်။ ဤအလုပ်က ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု၊ အချိန်ကုန်မှုနှင့် ဘေးအန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့နိုင်မှုတို့မကင်းဟု ဆိုနိုင်သည်။ ထို့အပြင် ရေအတွက် အမျိုးသမီးတို့ စာသင်ပျက်ကြ၊ ကျောင်းထွက်ကြရသလို ဝင်ငွေရှာဖွေသည့်လုပ်ငန်းများကို စွန့်လွှတ်ကြရသည်။ ကျောင်းများနှင့် ရပ်ရွာအသိုင်းအဝိုင်းများတွင် အမျိုးသမီးများအတွက် သန့်ရှင်းရေးအထောက်အကူပစ္စည်းများ မရှိခြင်းသည် မိန်းကလေးငယ်များအတွက် ပညာရေးကိုလည်းကောင်း၊ အမျိုးသမီးများအတွက် ကျန်းမာရေးကိုလည်းကောင်း ထိခိုက်စေသည်။ 

နေအိမ်နှင့် နီးကပ်စွာ ရေရရှိနိုင်ခြင်းအားဖြင့် အမျိုးသမီးများကို စီးပွားကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်နိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်ပြီး အိမ်ထောင်စုအတွက်ဝင်ငွေနှင့် မိသားစုအခြေအနေကို ပိုမိုကောင်းမွန်စေသည်။ အမျိုးသမီးများသည် မိသားစုအတွက် ရေစုဆောင်းရသူ၊ ရေအသုံးအစွဲစီမံခန့်ခွဲရသူများဖြစ်သည့် တိုင်ရေစီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုနှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရန် လုပ်ဆောင်ခြင်း၊ စီမံကိန်းရေးဆွဲခြင်းတို့မှ ဖယ်ထားခံရလေ့ရှိသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးခြင်းသည် အမျိုးသမီးများအတွက် အခြား ရေရနိုင်သည့် နည်းလမ်းများ၊ ရေအရင်းအမြစ်များရှာဖွေရန် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။

သို့ဖြစ်ရာ ရေမူဝါဒများ ရေးဆွဲခြင်းနှင့် သန့်ရှင်းရေး၊ စိုက်ပျိုးရေရရှိရေးကဲ့သို့သော အခြေခံအဆောက်အအုံစီမံကိန်းများ၊ ရေအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနှင့် နည်းပညာဆိုင်ရာ အခန်းကဏ္ဍများတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေခြင်း၊ အချက်အလက်များ စုဆောင်းခြင်း၊ အမျိုးသမီးများ၏ စိုက်ပျိုးရေးနှင့်သက်ဆိုင်သော ရေနှင့် မြေယာအခွင့်အရေးများကို ကာကွယ်ခြင်းတို့ ဆောင်ရွက်ပေးသွားရန်လိုသည်။ မိမိတို့နိုင်ငံတွင် ရေမူဝါဒများနှင့် ဥပဒေများ ရေးဆွဲချမှတ်ပြီး ဘက်စုံရေစီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ရေအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရေအရင်းအမြစ်များ ရေရှည်တည်တံ့ရေး၊ အကျိုးရှိစွာ အသုံးချနိုင်ရေးတို့အတွက် ရေစီမံခန့်ခွဲရေးနှင့် အနာဂတ်တွင် ရေဖူလုံရေးတို့အတွက် ရေအုပ်ချုပ်ရေး စသည့်လုပ်ငန်းများတွင် အမျိုးသမီးများပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်ခြင်း၊ ကျေးလက်ဒေသများတွင် အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်းများ ပိုမိုဖော်ဆောင်ပေးခြင်းဖြင့် အမျိုးသမီးငယ်/ရွယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ ဝင်ငွေရရှိရေး အခွင့်အလမ်းများကို ပိုမိုမြင့်မားလာစေရပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း