ရေကြီးရေလျှံဘေးအန္တရာယ်နှင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများ

ရေကြီးရေလျှံဘေးအန္တရာယ်နှင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများ


Ministry of Information/ Naypyitaw / June 02, 2025
image_latest


ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ မုတ်သုံလေအားကောင်းနေခြင်း၊ အပူပြန်တက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းတို့ကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ဖြစ်နိုင်ကြောင်း၊ ကုန်းမြင့်ဒေသအနီးနေသူများ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးနေသူများ ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ကြရန် လွန်ခဲ့သည့် ရက်သတ္တပတ်မှစတင်ကာ မိုး/ဇလက ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

ယခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အထက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အချို့တွင် မြစ်ရေမြင့်တက်မှုများ ဖြစ်ပွားနေကြောင်း သတင်းများကို တွေ့ရှိရာ မိမိတို့နိုင်ငံတွင် မုတ်သုံရာသီဝင်ရောက်လာသည်နှင့် ရေကြီးရေလျှံမှုသဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို ကြိုတင်မျှော်တွေးထားကြရမည်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် မြို့ရွာကျေးလက်လူနေဒေသများအတွင်း ရေဝင်ရောက်ခြင်း၊ ရေကြီးရေလျှံခြင်းနှင့်အတူ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်း သိရှိနားလည်ထားကြပြီး သတိထားဆင်ခြင်နေထိုင်စားသောက်တတ်ကြရန်လိုသည်။

ရေကြီးရေလျှံခြင်းကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများမှာ အဓိကအားဖြင့် မသန့်ရှင်းသောရေကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့် ရောဂါများမှာ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ၊ အသည်းရောင်အသားဝါ (အေ) ရောဂါ၊ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ၊ ဝဲ၊ ပွေး စသည့် အရေပြားရောဂါများဖြစ်ပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သော ရောဂါများလည်းဖြစ်သည်။ ကာလဝမ်းရောဂါခေါ် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် Vibrio Cholerae ကဲ့သို့သော ရောဂါပိုးများပါရှိနေသည့် ရေနှင့် အစားအစာများ စားသောက်မိခြင်းမှ ကူးစက်ဖြစ်ပွားစေနိုင်သည်။ အဆိုပါရောဂါပိုးသည် ရောဂါဖြစ်ပွားနေ သူကစွန့်ပစ်လိုက်သည့် မစင်တွင်ပါဝင်နေပြီး ရေကြီးရေလျှံမှု ဖြစ်ပွားနေချိန်တွင် ရေနှင့်အတူ နေရာအနှံ့ပျံ့နှံ့နေနိုင်သည်။ အလားတူ အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါသည်လည်း ရောဂါပိုးရှိသူ၏ မစင်တွင်ပါဝင်နေပြီး ယင်းနှင့်ထိတွေ့ထားသည့် ရေနှင့်အစားအစာတို့ကို စားသောက်မိရာမှ ကူးစက်ခြင်းဖြစ်သည်။ အဆိုပါ ရောဂါနှစ်မျိုးလုံးမှာ အချိန်မီကုသမှုမခံယူနိုင်ပါက အသက်ဆုံးရှုံးစေနိုင်သည်အထိ အန္တရာယ်ရှိသည်။

ထိုနည်းတူစွာ အသည်းရောင်အသားဝါ (အေ) သည် ရောဂါပိုးရှိသူ၏ အညစ်အကြေး၊ မသန့်ရှင်းသောရေနှင့် အစားအစာတို့မှ ကူးစက်ခြင်းဖြစ်သည်။ အလွယ်တကူကူးစက်နိုင်သည့် ရောဂါဖြစ်ပြီး ရုတ်တရက်အသည်းရောင်ခြင်းဖြစ်ပေါ်ပါက ရံဖန်ရံခါအသက်သေဆုံးနိုင်သည်။ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားတို့မှာ ခြင်ကိုက်ခံရခြင်းမှ ကူးစက်သည့်ရောဂါများဖြစ်ပြီး ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် ရေဝပ်ကျန်နေသည့်နေရာများ၊ ပတ်ဝန်းကျင်မသန့်ရှင်းသည့် အခြေအနေများကြောင့် ခြင်များပေါက်ပွားလာပြီး အဆိုပါရောဂါများ ဖြစ်ပွားနိုင်ခြင်းဖြစ်သည်။ ရေကြီးရေလျှံချိန်တွင် ရေထဲ၌ အချိန်ကြာမြင့်စွာနေခြင်း၊ ရေထဲ၌ ဆော့ကစားခြင်းတို့သည် မသန့်ရှင်းသည့်ရေနှင့် ထိတွေ့မှုကြောင့် ပွေး၊ ဝဲစသည့် အရေပြားရောဂါများကို ဖြစ်စေသည်။ မဖြစ်မနေထိတွေ့ရပါကလည်း ဆပ်ပြာ၊ သန့်ရှင်းသောရေတို့ဖြင့် ဆေးကြောသန့်စင်မှုပြုရန်လိုသည်။

ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ကင်းဝေးစေရန် အစားအစာနှင့် သောက်သုံးရေတို့ သန့်ရှင်းရေး၊ လက်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ရာသီဥတုနှင့် သင့်လျော်စွာဝတ်ဆင်နေထိုင်ရေးနှင့် ခြင်မကိုက်စေရန် ဂရုပြုရေး၊ မြွေအန္တရာယ်၊ လျှပ်စစ်အန္တရာယ်နှင့် နေအိမ်ပြိုကျမည့် အန္တရာယ်တို့ကို သတိပြုရေးတို့အတွက် ရေဘေးအန္တရာယ်ကြုံတွေ့ဖွယ်ဒေသများနေ ပြည်သူအပေါင်းတို့အား တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 04, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Posted on Jun 03, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Posted on Jun 02, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Posted on May 31, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Posted on May 30, 2025
AnnouncementsExplore more >

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 4, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

အိတ်ဖွင့်တင်ဒါပိတ်ရက်ပြင်ဆင်ချက်

Posted on Jun 4, 2025

အိတ်ဖွင့်တင်ဒါပိတ်ရက်ပြင်ဆင်ချက်

HOT NEWS
January 4,