ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ

ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / August 29, 2025
image_latest


နေပြည်တော် ဩဂုတ် ၂၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့သော နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားများ ပြန်လည်ပြင်ဆင်ပြုပြင်နေမှုနှင့် ပြီးစီးမှုအခြေအနေကြည့်ရှုစစ်ဆေးသည်။

နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ မန္တလေး- နေပြည်တော်ဆက်သွယ်ထားသည့် ခရိုင်ချင်းဆက်လမ်း အမှတ် (၂) မိုင်တိုင် (၁၂၂/၆-၁၂၂/၇) နှင့် မိုင်တိုင် (၁၂၃/၄-၁၂၃/၅) အတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်းတာပေါင်ရေတိုက်စားပျက်စီးမှု၊ မိုင်တိုင် (၁၂၈/၃ နှင့် ၁၂၈/၄) အတွင်း ရေတိုက်စား၍ ပျက်စီးသွားသည့် ရမည်းသင်းဘက်ခြမ်း လမ်းတာပေါင်နှင့် ချဉ်းကပ်လမ်း၊ ရေဦးတံတားတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှတာဝန်ရှိသူများက ရေတိုက်စားသဖြင့် လမ်းတာပေါင်နှင့် ချဉ်းကပ်လမ်းပျက်စီးခဲ့မှုအခြေအနေ၊ ပျက်စီးမှုများအား ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ရေကြီးရေလျှံမှုများကြောင့် လမ်း၊ တံတားပျက်စီးမှုများကို အချိန်နှင့် တစ်ပြေးညီ အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်၊ မြေထိန်းနံရံများ ပြုပြင်ဆောင်ရွက်သွားရန်၊ ရေစီးရေလာကောင်းမွန်ရေးအလေးထားဆောင်ရွက်သွားရန်၊ ရေစီးနှင့် အတူမျောပါလာသော သစ်ပင်ကြီးများ၊ သစ်မြစ်များ၊ သစ်တုံးကြီးများ ဖယ်ရှားရှင်းလင်းဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

အဆိုပါ ရေဦးတံတားသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတား၏ ချဉ်းကပ်လမ်းထိပ် ၁၀ ပေခန့် လမ်းသားပြတ်တောက်ခဲ့ခြင်းကို လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ဩဂုတ် ၂၇ ရက်က ပြန်လည်ပြုပြင်ခြင်း၊ ခင်းကြိတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ချဉ်းကပ်လမ်းနှင့် လမ်းတာပေါင်လုပ်ငန်းများပြီးစီး၍ မော်တော်ယာဉ်များ ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 30, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Posted on Sep 30, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Sep 29, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 28, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 28, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 28, 2025
AnnouncementsExplore more >

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုခြင်း

Posted on Sep 30, 2025

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Sep 26, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Sep 24, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

HOT NEWS
January 4,