ရေဘေးကာကွယ်ရေးတာ ၁၁ ခုမှ စစ်တောင်းမြစ်ဝှမ်းဒေသအတွင်းရှိ ဧရိယာ ၃၇ဝ၅၂ ဧက ရေဘေးကာကွယ်ထားရှိ
ရေဘေးကာကွယ်ရေးတာ ၁၁ ခုမှ စစ်တောင်းမြစ်ဝှမ်းဒေသအတွင်းရှိ ဧရိယာ ၃၇ဝ၅၂ ဧက ရေဘေးကာကွယ်ထားရှိ
Ministry of Information/ Naypyitaw / September 03, 2025
နေပြည်တော် စက်တင်ဘာ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်ရှိ စစ်တောင်းမြစ်အနောက်ဘက်ခြမ်း ဧရိယာများကို ရေဘေးကာကွယ်ထားရှိသည့် ဝါးတီး-အုန်းပင်တာအား ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေးစဉ် သဘာဝဘေးဖြစ်ပေါ်လာပါက အန္တရာယ်ရှိနိုင်သောနေရာများကို တာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအတိုင်း အလေးထားဆောင်ရွက်ကြရန်၊ တာတမံဥပဒေပါ တားမြစ်ချက် သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ထိန်းသိမ်းရန်၊ တာတမံများ ပြုပြင်တည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြုပြင်ဆောင်ရွက်ရန်၊ ရေလှောင်တမံများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်ရေးအတွက် ရေသိုလှောင်မှုအား ထိန်းညှိလုပ်ဆောင်ရန်၊ သဘာဝဘေးရေကြီးနစ်မြုပ်မှုဖြစ်စဉ်များကြောင့် သီးနှံစိုက်ခင်းများ ထိခိုက်မှုလျော့နည်းသက်သာစေရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားသည်။
တောင်ငူခရိုင်အတွင်းလာမည့် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ခြင်းအတွက် စိုက်ပျိုးရေပေးဝေနိုင်ရန် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားရှိသော ရေလှောင်တမံရှစ်ခု၌ ရေများသိုလှောင်ထားရှိသကဲ့သို့ ရေဘေးကာကွယ်ရေးတာ ၁၁ ခု၏ စုစုပေါင်း တာမိုင် ၃၅ မိုင် ၇ ဖာလုံမှ စစ်တောင်းမြစ်ဝှမ်းဒေသအတွင်းရှိ ဧရိယာ ၃၇၀၅၂ ဧကကို ရေဘေးကာကွယ်ထားရှိကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ကြီးကြောင့် ရေသောက်စနစ်များ ထိခိုက်ပျက်စီးခဲ့သည့် ခပေါင်းဆည်ရေသောက်စနစ်နှင့် ဆွာဆည်ရေသောက်စနစ်အတွင်းရှိ ရေပေးမြောင်း၊ ရေနုတ်မြောင်းနှင့် ရေပေးအဆောက်အအုံများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ပြုပြင်ရန် ကျန်ရှိသည့်လုပ်ငန်းများကို မူလဒီဇိုင်းပုံစံများအတိုင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာဆောင်ရွက်နိုင်ရေး၊ လျာထားစိုက်ဧကများအတိုင်း စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Posted on Sep 4, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Sep 5, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံး/ လုပ်ငန်းသုံးပရိဘောဂပစ္စည်း (၂၉) မျိုးမှ ပစ္စည်း (၂၃)မျိုးအား ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၄-၈-၂ဝ၂၅) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၁၂/၂ဝ၂၅) ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည်-
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)
Posted on Sep 5, 2025ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)