ရေဘေးရှောင်ပြည်သူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်း
ရေဘေးရှောင်ပြည်သူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 18, 2024

တောင်ငူ စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ ရေဘေးရှောင်စခန်းများမှ ပြည်သူများနှင့် တောင်ငူခရိုင် အထွေထွေရောဂါကုဆေးရုံကြီးရှိ ရေဘေးရှောင်ကိုယ်ဝန်ဆောင်မိခင်များအား ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းတွင် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ၊ (ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက တောင်ငူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အထက (၃) ကျောင်း ရေဘေးရှောင်စခန်းရှိ ရေဘေးရှောင်ပြည်သူများအား ကာလတန်ဖိုးငွေကျပ် (၉) သိန်းတန်ဖိုးရှိ လူသုံးကုန်ပစ္စည်း အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် အဆိုပါစခန်းရှိ အသက် (၁၀၂) နှစ် ပြည့် အဖွားတစ်ဦးနှင့် (၈၇)နှစ်ပြည့် အဖွားတစ်ဦး စုစုပေါင်းနှစ်ဦးတို့အား တန်ဖိုးငွေကျပ်သုံးသိန်းတန်ဖိုးရှိ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့ပြင် မွေးဖွားမိခင် ၅ ဦးတို့အား မွေးဖွားမိခင်သုံး kit ထုတ် (၅)ထုတ် နှင့် အမျိုးသမီး အသုံးအဆောင်အဝတ်အထည်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးရှိ မွေးဖွားမိခင် (၂၂) ဦးတို့အား ငွေကျပ်သုံးသိန်းတန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ၊ kit ထုတ်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကေတုမတီသီတဂူဗုဒ္ဓတက္ကသိုလ်ရှိ ရေဘေးရှောင်ပြည်သူများအား ငွေကျပ် (၈) သိန်းတန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇော်ကိုကို (တောင်ငူ)



သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
Posted on May 9, 2025သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။