ရွေးကောက်ပွဲကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများ ထုတ်ပြန်ကြေညာခြင်း

ရွေးကောက်ပွဲကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများ ထုတ်ပြန်ကြေညာခြင်း


Ministry of Information/ Naypyitaw / December 27, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၇

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်စာရင်းကို ၂၀-၈-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့် လည်းကောင်း၊ အပိုင်း(၂)တွင် ပါဝင်သည့်မြို့နယ် ၁၀၀ မြို့နယ်စာရင်းကို ၂၈-၁၀-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၄၁/၂၀၂၅) ဖြင့်လည်းကောင်း၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် လွှတ်တော်အသီးသီး၏မဲဆန္ဒနယ် ၁၂၁ နယ် (၅၆ မြို့နယ်) ကို ၁၄ - ၉ - ၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၀၃/၂၀၂၅) ဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည့် မြို့နယ် ၆၃ မြို့နယ်စာရင်းကို ၂၅-၁၂-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် ( ၁၇၀/၂၀၂၅ ) ဖြင့်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် လွှတ်တော်အသီးသီး၏မဲဆန္ဒနယ် ၂၀ နယ် ( ၉ မြို့နယ် ) ကိုလည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ရပ်ကွက် ၆၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀၀၂ အုပ်စု၊ စုစုပေါင်း ၁၀၆၄ ခုကိုလည်းကောင်း ပူးတွဲပါကြေညာချက်များဖြင့် ၂၇ ရက်နေ့တွင် ၂၀၂၅ - ၁၂ ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါထုတ်ပြန်ခဲ့သည့် ကြေညာချက်များအား နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ website ဖြစ်သည့် www.uec.gov.mm တွင် ဖော်ပြမည်ဖြစ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။