ရွေးကောက်ပွဲကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများ ထုတ်ပြန်ကြေညာခြင်း
ရွေးကောက်ပွဲကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများ ထုတ်ပြန်ကြေညာခြင်း
Ministry of Information/ Naypyitaw / December 27, 2025
နေပြည်တော် ဒီဇင်ဘာ ၂၇
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်စာရင်းကို ၂၀-၈-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့် လည်းကောင်း၊ အပိုင်း(၂)တွင် ပါဝင်သည့်မြို့နယ် ၁၀၀ မြို့နယ်စာရင်းကို ၂၈-၁၀-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၄၁/၂၀၂၅) ဖြင့်လည်းကောင်း၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် လွှတ်တော်အသီးသီး၏မဲဆန္ဒနယ် ၁၂၁ နယ် (၅၆ မြို့နယ်) ကို ၁၄ - ၉ - ၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၀၃/၂၀၂၅) ဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည့် မြို့နယ် ၆၃ မြို့နယ်စာရင်းကို ၂၅-၁၂-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် ( ၁၇၀/၂၀၂၅ ) ဖြင့်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် လွှတ်တော်အသီးသီး၏မဲဆန္ဒနယ် ၂၀ နယ် ( ၉ မြို့နယ် ) ကိုလည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ရပ်ကွက် ၆၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀၀၂ အုပ်စု၊ စုစုပေါင်း ၁၀၆၄ ခုကိုလည်းကောင်း ပူးတွဲပါကြေညာချက်များဖြင့် ၂၇ ရက်နေ့တွင် ၂၀၂၅ - ၁၂ ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါထုတ်ပြန်ခဲ့သည့် ကြေညာချက်များအား နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ website ဖြစ်သည့် www.uec.gov.mm တွင် ဖော်ပြမည်ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်...
Posted on Dec 27, 2025ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ကြေညာခြင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း
Posted on Dec 26, 2025ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရ အမိန့်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။