ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
Ministry of Home Affairs/ နေပြည်တော် / January 30, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၁၇၆ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၈ ရက် နံနက် ၈ နာရီ ၅၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ပါရာစိမ်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၈ ဧကခန့်အား လည်း ကောင်း။
အလားတူ နံနက် ၉ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ မိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းတုံမြို့နယ်၊ မိုင်းကန် ကျေးရွာအုပ်စု၊ မယ်ကျလဲကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၆ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၅၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ထီပေါင်း ကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၃ ဧကခန့်နှင့် ထာငို ကျေးရွာအနီးရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၁ ဧကခန့်တို့အား လည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၅၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့ နယ်၊ ဖက်ရမ်းကျေးရွာ အုပ်စု၊ ဖက်ရမ်းသီးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၀ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၅၅ မိနစ်မှ ညနေ ၄ နာရီ ၂၅ မိနစ်ထိ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့နယ်၊ ပန်မတ် ကျေးရွာအုပ်စု၊ နာဖီးဒေကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၈ ဧကခန့်အား လည်းကောင်း။
ထို့အတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ထိ မိုင်းပျဉ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းပျဉ်းမြို့နယ်၊ ထမ်ယမ်း ကျေးရွာအုပ်စု၊ လွယ်ပိတာကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၀ ဧကခန့်အား လည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သ တင်းရရှိပါသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Posted on Jan 30, 2026တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) နိုင်ငံရေးပါတီများ၏...
Posted on Jan 30, 2026၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ဆန္ဒမဲရရှိမှုအခြေအနေ
Posted on Jan 30, 2026၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ဆန္ဒမဲရရှိမှုအခြေအနေ
