ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး


Ministry of Home Affairs/ နေပြည်တော် / January 30, 2026


     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၁၇၆ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၈ ရက် နံနက် ၈ နာရီ ၅၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ပါရာစိမ်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၈ ဧကခန့်အား လည်း ကောင်း။

     အလားတူ နံနက် ၉ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ မိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းတုံမြို့နယ်၊ မိုင်းကန် ကျေးရွာအုပ်စု၊ မယ်ကျလဲကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၆ ဧကခန့်အား လည်းကောင်း။

     ထို့အတူ နံနက် ၉ နာရီ ၅၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ထီပေါင်း ကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၃ ဧကခန့်နှင့် ထာငို ကျေးရွာအနီးရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၁ ဧကခန့်တို့အား လည်းကောင်း။

     ထို့အတူ နံနက် ၉ နာရီ ၅၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့ နယ်၊ ဖက်ရမ်းကျေးရွာ အုပ်စု၊ ဖက်ရမ်းသီးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၀ ဧကခန့်အား လည်းကောင်း။

     ထို့အတူ နံနက် ၉ နာရီ ၅၅ မိနစ်မှ ညနေ ၄ နာရီ ၂၅ မိနစ်ထိ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့နယ်၊ ပန်မတ် ကျေးရွာအုပ်စု၊ နာဖီးဒေကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၈ ဧကခန့်အား လည်းကောင်း။

     ထို့အတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ထိ မိုင်းပျဉ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းပျဉ်းမြို့နယ်၊ ထမ်ယမ်း ကျေးရွာအုပ်စု၊ လွယ်ပိတာကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၀ ဧကခန့်အား လည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သ တင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း