ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
Ministry of Home Affairs/ နေပြည်တော် / February 07, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၃၃၀ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက် နံနက် ၇ နာရီ ၅၀ မိနစ်မှ ညနေ ၄ နာရီထိ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ဆဟောင်းကျေးရွာအုပ်စု၊ နောင်ဟိုင်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅၀ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီမှ ၁၁ နာရီ ၃၀ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ လုံးဟေးကျေးရွာအုပ်စု၊ တုပ်ဆောက်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၆ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၁၅ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ပင်လောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ထီပေါင်းကျေးရွာအုပ်စု၊ တီးလုံကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄၁ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ထိ မိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းတုံမြို့နယ်၊ မိုင်းတုံကျေးရွာအုပ်စု၊ ဂေါ်တောကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၃ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်မှ မွန်းလွဲ ၃ နာရီထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ ဘန့်ပလန်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၆ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်မှ ညနေ ၄ နာရီထိ နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က နမ့်စန်မြို့နယ်၊ ဘန့်ဟင်ကျေးရွာအုပ်စု၊ တွန်ကျိုင်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၈၀ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၅၀ မိနစ်မှ ၁၁ နာရီ ၄၀ မိနစ်ထိ မိုင်းဆတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းဆတ်မြို့နယ်၊ ဖန်ဖုကျေးရွာအုပ်စု၊ မယ်နားကျေးရွာနှင့် ကျတီကျေးရွာအုပ်စု၊ ကျောက်မောင်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၄ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ ၅၀ မိနစ်ထိ မိုင်းပျဉ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ကျန်းကျေးရွာ၊ ဖာဝေါကျေးရွာ၊ ခိုနားကျောင်းကျေးရွာ၊ နောင်ကွဲကျေးရွာနှင့် ပန်ပျဉ်းကျေးရွာများအနီးတစ်ဝိုက်တို့ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄၀ ဧကခန့်တို့အား လည်းကောင်း။
ထို့အတူ နံနက် ၁၀ နာရီ ၂၅ မိနစ်မှ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ထိ ကွန်ဟိန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ကွန်ဟိန်းမြို့နယ်၊ ဝမ်လောကျေးရွာအုပ်စု၊ ပန်ဟုတ်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆၀ ဧကခန့်အား လည်းကောင်း အသီးသီး ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
