ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်နှင့် မွန်ပြည်နယ်၊ မုဒုံမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်နှင့် မွန်ပြည်နယ်၊ မုဒုံမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / January 25, 2026


     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်နှင့် မွန်ပြည်နယ်၊ မုဒုံမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ညောင်ရွှေမြို့နယ် ညောင်ရွှေ-အေးသာယာသွားကားလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ညောင်ရွှေမှ အေးသာယာသို့ တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာနေ ခွန်အောင်နိုင်(၄၂)နှစ် မောင်းနှင်လာသည့် YGN-27 6L-XXXX HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ခွန်အောင်နိုင် အား ညောင်ရွှေမြို့မရဲစခန်း (ပ)၁၀/၂၀၂၆၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။

     အလားတူ ည ၇ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက မုဒုံမြို့နယ်၊ ထိန်ကုန်းကြီးရပ်ကွက်၊ တောင်သာယာဘုန်းကြီးကျောင်းလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မုဒုံမြို့နယ်၊ မြိုင်ကုန်းရပ်ကွက်နေ လှမြင့်(၅၈)နှစ် မောင်းနှင်လာသည့် YGN-40 1K-XXXX HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လှမြင့် အား မုဒုံမြို့မရဲစခန်း (ပ)၁၁/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 25, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Posted on Jan 24, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Posted on Jan 23, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 22, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 21, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Posted on Jan 20, 2026