ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / February 16, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်(ကွက်သစ်)၊ ပုံလို့လမ်း၌ လမ်းလျှောက်လာသူ အဆိုပါရပ်ကွက်နေ ကျော်စန်းဦး(ခ)ကုလား(၃၁)နှစ်အား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထံမှ အိုက်စ် (မက်သ်အဖက်တမင်း) ၃ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၈၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၂၄၀) အား ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၆ နာရီတွင် တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်၊ အိမ်တွင်းမှုကျောင်းလမ်း၌ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရောင်းချပေးသူ တာချီလိတ်မြို့နယ်၊ ရန်အောင်မြင်ရပ်ကွက်နေ ဝင်းကျော်စွာ(ခ)ကိုထွန်း(၄၀)နှစ်အား စိတ်ကြွရူးသွပ် ဆေးပြား ၅၀၀ ပြား(တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၃ ဒသမ ၅ သိန်း) နှင့် အိုက်စ် (မက်သ်အဖက်တမင်း) ၀ ဒသမ ၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၈၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၈ သိန်း) အား ထပ်မံဖမ်းဆီးရမိသဖြင့် ကျော်စန်းဦး(ခ) ကုလားနှင့် ဝင်းကျော်စွာ(ခ)ကိုထွန်း တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
