ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာရှိ စက်သုံးဆီဆိုင် မီးလောင်မှု

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာရှိ စက်သုံးဆီဆိုင် မီးလောင်မှု


Ministry of Home Affairs/ Nay Pyi Taw / February 13, 2025


     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာတွင် ပိုင်ရှင် ဒေါ်အိနိုနိုစံ၏ ၄၀x၄၀ ပေ၊ သွပ်မိုး၊ အုတ်ကာ “ဗိုလ်အောင်ဒင်”(လိုင်စင်မရှိ) စက်သုံးဆီဆိုင်ဂိုဒေါင်အနီးရှိ သံကန်အတွင်းမှဆီကို အင်ဂျင်အသုံးပြု၍ ၁၂ ဘီးပေါ်သို့ဆီတင်ရာမှ ပွတ်တိုက်မှုဖြစ်ပွားပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးနှင့် တောင်ကြီးခရိုင်/မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၅ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၄၀x၄၀ ပေ၊ သွပ်မိုး၊ အုတ်ကာ ဂိုဒေါင် တစ်လုံး၊ 7N/XXXX FUSO (အပြာရောင်) ၁၂ ဘီးယာဉ် တစ်စီး၊ ဂါလန် ၅၀ ဆံ့ အောက်တိန်းဆီ ၁၈ ပီပါခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်ရှင် ဒေါ်အိနိုနိုစံအား ရွှေညောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၁၃ ရက် ၊ကြာသာပတေးနေ့။


Posted on Feb 13, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Feb 12, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။


Posted on Feb 11, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။


Posted on Feb 11, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက် ၊တနင်္လာနေ့။


Posted on Feb 10, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၉ ရက် ၊တနင်္ဂနွေနေ့။


Posted on Feb 09, 2025
AnnouncementsExplore more >

ညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ပုံနှိပ်သူနှင့်ထုတ်ဝေသူများစာရင်းအား အသိပေးကြေညာခြင်း

Posted on Feb 11, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းကလက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော အကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း တွေ့ရှိရပါသည်-

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၅/၂၀၂၅)

Posted on Feb 6, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၅/၂၀၂၅)

HOT NEWS
January 4,