ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး


Ministry of Home Affairs/ နေပြည်တော် / January 04, 2026


     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်က ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင် မြို့နယ်တို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၁၁၈ ဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇန်နဝါရီ ၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ထာငိုကျေးရွာတောင်ဘက် နှစ်မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၆ ဧကခန့်နှင့် သုံးမိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၅ ဧကခန့်အား လည်းကောင်း။
     အလားတူ နံနက် ၉ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာ အနောက်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၄ ဧကခန့်အား လည်းကောင်း။
     ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်မှ ညနေ ၄ နာရီ ၅၅ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ထီလုံးဆူ ကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်နှင့် အရှေ့ မြောက်ဘက် သုံးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၃ ဧကခန့်တို့အား လည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။