ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / April 15, 2026


     ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၃ ရက်က ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဧပြီ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ အော်ယော ရပ်ကွက်၊ ပင်းတယ-အောင်ပန်းသွားကားလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပင်းတယမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အောင်ပန်းမြို့မှ ပင်းတယမြို့ဘက်သို့ ပင်းတယမြို့နယ်၊ ရွာငယ်ရပ်ကွက်နေ ဦးစိုးတင့်(၅၈)နှစ် မောင်းနှင်လာသည့် SHN-19/9F-XXXX HIJET မော်တော်ယာဉ်အား လားရာတူ နောက်မှ ကလောမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ ရှင်းသန့်နောင် (၁၉)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ မရွှန်းလဲ့ဝေ(၁၈)နှစ် လိုက်ပါလာသည့် ၄၅ယ-XXXX LUOJIA 110 ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ရှင်းသန့်နောင်နှင့် မရွှန်းလဲ့ဝေ တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ရှင်းသန့်နောင် အား ပင်းတယမြို့မရဲစခန်း ယာဉ်(ပ) ၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
     

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026