ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သို့ သယ်ဆောင်သည့် ငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၆ ဒသမ ၃၆ ကီလို ဖမ်းဆီးရမိ
ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သို့ သယ်ဆောင်သည့် ငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၆ ဒသမ ၃၆ ကီလို ဖမ်းဆီးရမိ
Ministry of Home Affairs/ Naypyitaw / August 25, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာကားကြီးဝင်းတွင် မူဆယ်မြို့နေ သိန်းထွန်းဦး(ခ)ဘိုဘိုမှ မန္တလေးသို့ လူမဲ့တန်ဆာဖြင့် တင်ပို့မည့် WATER COOLER ၈ လုံးအား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ WATER COOLER များအတွင်းမှ ပလတ်စတစ်ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၇ ဒသမ ၀၂ ကီလို(ဒေသကာလတန်ဖိုး ငွေကျပ် ၁,၀၅၃ သိန်း)အား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ WATER COOLER များအတွင်း ဘိန်းဖြူများ ထည့်သွင်း၍ ကားဂိတ်များမှတစ်ဆင့် လူမဲ့တန်ဆာဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ တင်ပို့ထားကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၈ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့ပတ်လမ်းရှိ ကုန်စည်ဂိတ်၌ မူဆယ်မြို့နေ ဇင်ကိုအောင်(ခ)အောင်သူအား WATER COOLER ၁၃ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။
၎င်းတည်းခိုနေထိုင်သည့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမန္တလာ ကားဝင်းအနီးရှိ တည်းခိုခန်းအား ဆက်လက်ရှာဖွေခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သလ္လာရပ်ကွက်နေ မင်းမင်းဇော်(ခ)ကိုဇော်နှင့်အတူ WATER COOLER ၁၀ လုံးအားလည်းကောင်း၊ အောင်မြေသာစံမြို့နယ်၊ သီရိမင်္ဂလာကားဝင်းရှိကားဂိတ်သို့ လူမဲ့တန်ဆာဖြင့် ပေးပို့ထားသော WATER COOLER ၁၁ လုံးနှင့် ချမ်းမြရွှေပြည်ကားဝင်းရှိ ကားဂိတ်မှ WATER COOLER ၅ လုံးတို့အား လည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့သဖြင့် မန္တလေးမြို့မှ ကလေးမြို့သို့ ဆက်လက်ပို့ဆောင်မည့် WATER COOLER ၃၉ လုံးအတွင်းမှ ဘိန်းဖြူအလေးချိန် ၃၄ ဒသမ ၆၄ ကီလို(ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၈,၆၆၀) အား သိမ်းဆည်းရမိခဲ့ကြောင်း။
ထို့နောက် ဇင်ကိုအောင်(ခ)အောင်သူနှင့် မင်းမင်းဇော်(ခ)ကိုဇော်တို့မှ WATER COOLER များအား မန္တလေးမြို့မှ ကလေးမြို့သို့ လူမဲ့တန်ဆာဖြင့် ပေးပို့ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သိမ်းဆည်းရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာတောင်ရပ်ကွက်ရှိ ကားဂိတ်တွင် WATER COOLER ၂ လုံးအား လည်းကောင်း၊ ၎င်းတို့ငှားရမ်းနေထိုင်သော မုံရွာမြို့နယ်၊ သလ္လာရပ်ကွက်ရှိ နေအိမ်အတွင်းမှ WATER COOLER ၁၄ လုံးအား လည်းကောင်း ထပ်မံသိမ်းဆည်း ရရှိခဲ့သဖြင့် မုံရွာမြို့၌ သိမ်းဆည်းရမိသည့် WATER COOLER ၁၆ လုံးအတွင်းမှ ဘိန်းဖြူအလေးချိန် ၁၄ ဒသမ ၇ ကီလို(ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၇,၃၅၀) ဖြစ်သဖြင့် ဖမ်းဆီးရမိ စုစုပေါင်း ဘိန်းဖြူအလေးချိန် ၅၆ ဒသမ ၃၆ ကီလို(ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၇၀၆၃ ဘီလီယံ) ဖြစ်ကြောင်း။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ် ၈ ရက် နံနက် ၁၀ နာရီအချိန် ဘိန်းဖြူများအား လားရှိုးမြို့မှ ကလေးမြို့သို့ တာဝန်ခံသယ်ဆောင်သူ ဘောက်လာ(ခ)ဂျိမ်းဖောအား ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ ကောင်းမူးတုံရပ်ကွက်ရှိ နေအိမ်၌လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဘိန်းဖြူများအား ဝယ်ယူ၍ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူ စိန်းလျံထန်နှင့် အာကာလင်းတို့အား မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ နေအိမ်၌လည်းကောင်း၊ မန္တလေးမြို့မှ ကလေးမြို့သို့ ဘိန်းဖြူများ တာဝန်ခံ သယ်ဆောင်သူ ချစ်မင်းဟန်(ခ)အစွယ်အား ဩဂုတ် ၁၂ ရက် မွန်းလွဲ ၃ နာရီတွင် အောင်မြေသာစံမြို့နယ်၊ သီရိမာလာ(အရှေ့)ရပ်ကွက်၌လည်းကောင်း အသီးသီးဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း။
ထပ်မံကွင်းဆက်ဖော်ထုတ်ချက်အရ ဘိန်းဖြူများအား ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်၊ ဝမ်စန့်ကျေးရွာနေ အိုက်ငင်းဦး(ခ)အိုက်ကျန်ဦး(ဖမ်းဆီးရန်ကျန်)ထံမှ ကလေးမြို့နေ လာလ်ပဲက်စိုင်း (ဖမ်းဆီးရန်ကျန်)နှင့် ဝူလ်မွှေး(ဖမ်းဆီးရန်ကျန်)တို့မှ ဝယ်ယူ၍ ကလေးမြို့သို့ အဆင့်ဆင့် သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Myanmar National Human Rights Commission Statement No (10/ 2025)
Posted on Aug 25, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၅)
Posted on Aug 25, 2025ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း
Posted on Aug 25, 2025