ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်း SSPP/SSA အဖွဲ့မှ ပါဝင်လုပ်ဆောင်လျက်ရှိသည့် မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းချမှုနှင့် တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရှင်းလင်းနိုင်ခဲ့မှုအပေါ် ပြည်ဖျက်မီဒီယာများက လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် သတင်းရေးသား၍ ဖုံးကွယ်ဝါဒဖြန့်မှုများ လုပ်ဆောင်

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်း SSPP/SSA အဖွဲ့မှ ပါဝင်လုပ်ဆောင်လျက်ရှိသည့် မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းချမှုနှင့် တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရှင်းလင်းနိုင်ခဲ့မှုအပေါ် ပြည်ဖျက်မီဒီယာများက လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် သတင်းရေးသား၍ ဖုံးကွယ်ဝါဒဖြန့်မှုများ လုပ်ဆောင်


Ministry of Home Affairs/ နေပြည်တော် / January 30, 2026
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်း SSPP/SSA အဖွဲ့မှ ပါဝင်လုပ်ဆောင်လျက်ရှိသည့် မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းချမှုနှင့် တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေမှု များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရှင်းလင်းနိုင်ခဲ့မှုအပေါ် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းရေးသား၍ ဖုံးကွယ်ဝါဒဖြန့်မှုများ လုပ်ဆောင်မှု မှတ်တမ်းဓာတ်ပုံ။


     ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်မှစတင်၍ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းများက တရားမဝင်မူးယစ်ဆေးဝါး ချက်လုပ်နေသည့် နေရာများ၊ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသည့် နေရာများကို နယ်မြေရှင်းလင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၁ ရက်တွင် “Hlaing Info” Telegram အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “နယ်မြေခံတပ်မှူးအချို့ ကျားဖြန့်လုပ်ငန်း တွေနဲ့ ပတ် သက်တယ်ဆိုတဲ့ကိစ္စ စိစစ်ဆဲပဲဟု SSPP ပြော” ခေါင်းစဉ်ဖြင့် သတင်းရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

     အဆိုပါ ဖော်ပြလာမှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်မှစတင်၍ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းများက ရှမ်းပြည် နယ်၊ သီပေါမြို့နယ်အတွင်း တရားမဝင်မူးယစ်ဆေးဝါး ချက်လုပ်နေသည့် နေရာများ၊ တရားမဝင် Online ငွေကြေးလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်နေသည့် နေရာများကို နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ SSPP/SSA အဖွဲ့ ထိန်းချုပ် ထားသည့် နယ်မြေအတွင်းရှိ သီပေါမြို့နယ်၊ နားဖွယ်ကျေးရွာအနီးနှင့် ကောင်းဟတ်ကျေးရွာ အနီးတို့ ၌ ၎င်းလက်နက်ကိုင်အဖွဲ့မှ အခကြေးငွေများ ရယူ၍ နေရာအသုံးပြုခွင့်ပေးခြင်း၊ အကာအကွယ်ပေးခြင်း၊ မူးယစ်ဆေးဝါးများ ဖြန့်ချိနိုင်ရေးအတွက် ဒေသအတွင်း ဖြတ်သန်း သွားလာနိုင်ရေး လုံခြုံရေးဆောင်ရွက်ပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ၎င်းမူးယစ် ဆေးဝါးချက်လုပ်သည့်နေရာများ၊ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသည့် နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းဖမ်းဆီးခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

     ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရှင်းလင်းဆောင်ရွက်နိုင်ခဲ့မှုအပေါ် SSPP/SSA အဖွဲ့မှ ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း မူးယစ်ဆေးဝါး ထုတ် လုပ်ရောင်းချမှုများနှင့် တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေမှုများ၌ ပါဝင်ပတ်သက်နေမှုအား ဖုံးကွယ်လိုသည့်အနေဖြင့် ပြည်သူလူထုအား အထင်မြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာ မှတစ်ဆင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် သတင်းလုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။ 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း