ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၌ ထင်းရှူးအဆီတုံးများ အထောက်အထားမဲ့ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၌ ထင်းရှူးအဆီတုံးများ အထောက်အထားမဲ့ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Naypyitaw / August 27, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၌ ထင်းရှူးအဆီတုံးများ အထောက်အထားမဲ့ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၅ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ ဟိုပုံးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ကျောက်တန်း-ဟိုပုံးသွားကားလမ်းအရောက်၌ ပင်လုံမြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ တောင်ကြီးမြို့နယ်၊ ချမ်းမြသာစည်ရပ်ကွက်နေ ညီညီထွေး(၄၃)နှစ် မောင်းနှင်လာသည့် BGO-11/5N-XXXX CANTER အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်ပေါ်မှ အထောက်အထားမဲ့ တရားမဝင် သယ်ဆောင်လာသည့် ထင်းရှူးအဆီတုံး အပိုင်းအစ ၁,၅၀၁ ပိဿာအား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ညီညီထွေး အား ဟိုပုံးမြို့မရဲစခန်း (ပ)၃၉/၂၀၂၅၊ သစ်တောဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နေပြည်တော် အလုပ်လျှောက်လွှာခေါ်ယူခြင်း ရက်စွဲ၊၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၇)ရက်
Posted on Aug 28, 2025Myanmar National Human Rights Commission Statement No (10/ 2025)
Posted on Aug 25, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၅)
Posted on Aug 25, 2025