ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ကျိုင်းလွန်းကျေးရွာအုပ်စု၊ ဝမ်နမ့်မင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ကျိုင်းလွန်းကျေးရွာအုပ်စု၊ ဝမ်နမ့်မင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / January 31, 2026
နေပြည်တော် ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ကျိုင်းလွန်းကျေးရွာ အုပ်စု၊ ဝမ်နမ့်မင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ အခြေပြုလုပ်ကိုင်လျက်ရှိကြောင်း ဒေသခံတာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လိုအပ်သည့် လေကြောင်းကင်းထောက်ခြင်း၊ မြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းနှင့် နယ်မြေရှင်းလင်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ခဲ့ရာ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် အဆိုပါဝမ်နမ့်မင်းကျေးရွာ၏ တောင်ဘက်မီတာ ၅၀၀ ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ်ရာ အဆောက်အအုံများကိုတွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်နေသည့် နေရာဖြစ်ကြောင်း တွေ့ရှိရပြီး လုပ်ငန်းလုပ်ကိုင် နေကြသူများအား မတွေ့ရှိရဘဲ အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ မိုးကာစကာ အလုပ်ရုံ ၃ လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ အထက်သားကာ လူနေလုံးချင်း ၉ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး ထမင်းစားဆောင် ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၂၀ ပေ ရှိ သွပ်မိုး၊ သွပ်ကာ ရိက္ခာဂိုဒေါင် ၁ လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၅ ပေ ရှိ သွပ်မိုး၊ အထပ်သားကာ လူနေလုံးချင်း ၁၄ လုံး၊ အလျား ၂၀ ပေ၊ အနံ ၁၀ ပေရှိ သွပ်မိုး မီးစက်တဲ ၁ လုံး၊ အလျား ၅ ပေ၊ အနံ ၅ ပေရှိ ကင်းစောင့်တဲ ၃ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး၊ သွပ်ကာ လူနေ ၂ ထပ်ဆောင် ၂ လုံး၊ အလျား ၁၂ ပေ၊ အနံ ၁၀ ပေရှိ သွပ်မိုး၊ မိုးကာစကာ လူနေအိပ်ဆောင် ၃ လုံးနှင့် မီးစက်ကြီး ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၀ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် အဆိုပါဝမ်နမ့်မင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၃၀၀၀ ခန့်အကွာသို့အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသူများဖြစ်သည့် တရုတ်နိုင်ငံသား အမျိုးသား ၂၂၁ ဦးနှင့်အတူ ALL-IN-ONE ကွန်ပြူတာ ၁၅ လုံး၊ LAPTOP ၆ လုံးနှင့် STAR LINK ၂ လုံးတို့ကိုလည်းကောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် အဆိုပါ ဝမ်နမ့်မင်းကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသူများဖြစ်သည့် တရုတ်နိုင်ငံသား အမျိုးစား ၇ ဦးနှင့်အတူ အလျား ၃၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး၊ သက်ကယ်ကာ ယာယီတဲ ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိမိုးကာစမိုး၊ သက်ကယ်ကာ ယာယီတဲ ၁ လုံး၊ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အုတ်ကာ အလုပ်ရုံ ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၃၀ ပေ ရှိ သွပ်မိုး၊ ပလတ်စတစ်ကာ အလုပ်ရုံ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၅၀ ပေရှိ သွပ်မိုး၊ အထပ်သားကာ စားချက်ဆောင် ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး၊ အထပ်သားကာ ထမင်းစားဆောင် ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အထပ်သားကာ လူနေအိပ်ဆောင် ၃ လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး၊ အထပ်သားကာ လူနေအိပ်ဆောင် ၁ လုံး၊ အလျား ၂၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး မီးစက်တဲ ၁ လုံး၊ ALL-IN-ONE ကွန်ပြူတာ ၈၀ လုံး၊ STAR LINK ဗန်း ၁၁ လုံးနှင့် မီးစက်ကြီး ၂ လုံးတို့ကို လည်းကောင်း၊ ဇန်နဝါရီ ၃၁ ရက် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် အဆိုပါ ဝမ်နမ့်မင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်သူများဖြစ်သည့် တရုတ်နိုင်ငံသား အမျိုးသား ၅ ဦးကိုလည်းကောင်း ထပ်မံတွေ့ရှိ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ
Posted on Jan 31, 2026၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Posted on Jan 31, 2026Notification 26/2026
Posted on Jan 31, 2026
