ရှမ်းပြည်နယ်(တောင်ပိုင်း) နေကြာနှင့် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် အထွက်တိုးမျိုးနှင့် သွင်းအားစုများ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) နေကြာနှင့် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် အထွက်တိုးမျိုးနှင့် သွင်းအားစုများ ပေးအပ်


Ministry of Information/ Naypyitaw / February 04, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ကုန်းလွင်ကျေးရွာသို့သွားရောက်၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ပြည်ထောင်စုလမ်းမကြီးမှ သာမိုင်းခမ်း-ကုန်းလွင်အောင်ပန်း ဆက်သွယ်ထားသည့် အရှည် ၆ ဖာလုံ ကျောက်ချောလမ်းဖွင့်ပွဲသို့ တက်ရောက်သည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ကျောက်ချောလမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောက်ချောလမ်းအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနလေးခုက တက်ညီလက်ညီဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးရေး၊ ကျေးလက်အခြေခံအဆောက်အအုံများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာသူ ကျေးရွာသားများနေဖြင့်ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာရှိ နေကြာနှင့် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်း ၁၄ သင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်များနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စိုက်ပျိုးရေးသမဝါယမအသင်းများအတွက် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် သက်တံ့ရောင်သမဝါယမစီမံကိန်းရန်ပုံငွေတို့ဖြင့် အထွက်တိုးမျိုးနှင့် သွင်းအားစုများကို သီးနှံပေါ်ပေးစနစ် ပံ့ပိုးပေးခဲ့ပြီး ထွက်ရှိလာသောသီးနှံများကို အသင်းပိုင်ဆန်စက်များ၊ ဆီစက်များဖြင့် ပြန်လည်ဝယ်ယူ ကြိတ်ခွဲပေးခဲ့ပါကြောင်း၊ အသင်းသားတောင်သူများကလည်း စိုက်ပျိုးသီးနှံအလိုက်ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် အထွက်တိုးမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်လိုအပ်ပါကြောင်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေး သမဝါယမအသင်းများအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ညောင်ရွှေမြို့နယ်အတွင်းရှိ နေကြာနှင့် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်း ၁၄ သင်းအတွက် အထွက်တိုးနှင့် သွင်းအားစုများပေးအပ်ခဲ့ကြပြီး ပင်မြင့်စံငွေစုငွေချေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ မာ့ဟ်ဟွန်း (Markhaon) ရုရှားနေကြာမျိုးငါးဧက စိုက်ပျိုးထားမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် တောင်ကြီးမြို့နယ် ဆူးပုတ်ကွေ့ကျေးရွာရှိ နေကြာနှင့် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းခြောက်သင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒေသခံပြည်သူများနှင့် အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သိန်းဓနထွန်းလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဒေါ်နန်းသီသီအောင်၏ သုံးဧကစိုက်ခင်း၊ ဦးအောင်သာ၏ နှစ်ဧကစိုက်ခင်းတို့တွင် ဗော်ကန်ရုရှားနေကြာမျိုး စိုက်ပျိုးထားမှုကိုလည်းကောင်း၊ တောင်သူဦးဗွာ၏ သုံးဧကစိုက်ခင်းနှင့် ဦးမောင်ငါး၏ နှစ်ဧကစိုက်ခင်းတို့တွင် အီပိုလစ် Ippolit ရုရှားနေကြာမျိုး စိုက်ပျိုးထားမှုကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း VDP စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တောင်ကြီးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ တောင်ကြီးမြို့ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ နည်းပြဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံပြီး ငလျင်သင့်ကျောင်းဆောင်များ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း