ရှမ်းပြည်နယ် (တောင်ပိုင်း) စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်
ရှမ်းပြည်နယ် (တောင်ပိုင်း) စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်
Ministry of Information/ Naypyitaw / February 05, 2026
နေပြည်တော် ဖေဖော်ဝါရီ ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းတိန်ကျေးရွာရှိ ကွင်းအမှတ် (၈၅/၈၆)၊ စက်မှုလယ်ယာစနစ်ကျလယ်မြေ ၁၃၉ ဧက ဖော်ထုတ်ခြင်းလုပ်ငန်းသို့ သွားရောက်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်သည်များ ဆွေးနွေးမှာကြားပြီး စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရာဂီမုန်တိုင်းဒဏ်ကြောင့် အင်းတိန်ရေလွှဲဆည်နှင့် ယာဘက်ရေလျှံထိန်းတာပေါင်ထိခိုက်ခဲ့မှုအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အင်းတိန်ရေလွှဲဆည် Outfall ပိုင်းကြမ်းခင်းအလျား ၉၂ ပေ၊ ပျမ်းမျှအကျယ် ၈၂ ပေ၊ ဒုကိုးလက်မ ကွန်ကရစ်လောင်းခြင်းလုပ်ငန်း၊ လက်ဝဲဘက်ခြမ်း အလျား ၃၄၅ ပေ၊ အမြင့် ရှစ်ပေ၊ ကျောက်ရိုးထိပ်ဝအကျယ်နှစ်ပေရှိ မြေထိန်းနံရံကျောက်စီခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက မြေထိန်းနံရံရေတိုက်စားမှုလျော့နည်းသက်သာစေရေးနှင့် ရေစီးရေလာပိုမိုကောင်းမွန်စေရေးအတွက် အင်းတိန်ချောင်းအတွင်း သဲနုန်းများ တူးဖော်၍ ဝဲ၊ ယာမြေသားပေါင် ခိုင်ခန့်အောင် ထပ်ပိုးဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် ညောင်ရွှေမြို့ သာစည်ကန် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းနှင့် နဒီကန်ကျွန်းမျောရိုင်းများ ရှင်းလင်းဖယ်ထုတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ တောင်ကြီးမြို့နယ် သံတဲကျေးရွာအုပ်စု သံသေကျေးရွာ ကွင်းအမှတ် (၁၀၃) အတွင်း မျိုးစေ့ထုတ်ဆောင်းအာလူးစိုက်ခင်းငါးဧကအပြင် ကြက်သွန်ဖြူ၊ နေကြာ၊ ပဲပုပ်နှင့် ဆောင်းမြေပဲ မျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှု၊ ကျောက်နီမွေးမြူရေးဇုန်အတွင်း ဆောင်ရွက်ထားရှိသည့် မွေးမြူရေးရုံများ ဆောက်လုပ်ပြီးစီးမှု၊ နို့စားနွားမွေးမြူရေးနှင့် တိရစ္ဆာန်အစာပင်မြက်မျိုးများ စိုက်ပျိုးထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
