ရှမ်းပြည်နယ် နှင့် မကွေးတိုင်းဒေသကြီးတို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီးဖမ်းဆီးရမိ
ရှမ်းပြည်နယ် နှင့် မကွေးတိုင်းဒေသကြီးတို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီးဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / November 09, 2025
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် ညနေ ၅ နာရီတွင် ကျိုင်းတုံမြို့၊ အမှတ်(၁၂၀) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ကျိုင်းတုံ-တာချီလိတ်သွားကားလမ်း ဆိုလာလမ်းဆုံ၌ မော်တော်ယာဉ် စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုင်းတုံမြို့၊ (၄)ရပ်ကွက်နေ ရဲလင်းအောင် (၂၁)နှစ် မောင်းနှင် လာသည့် SHN-7 7F/XXXX HIJET အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်း မရှိဘဲ လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ရဲလင်းအောင်အား ကျိုင်းတုံမြို့မရဲစခန်း (ပ)၁၉၂/ ၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း၊
အလားတူ နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မကွေးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် အောင်ချမ်းသာရပ်ကွက်၊ ပြည်တော်သာလမ်း၊ အခြေခံပညာအလယ်တန်းကျောင်းရှေ့သို့ အရောက်တွင် ပြည်တော်သာလမ်းအတိုင်း အနောက် ဘက်မှ အရှေ့ဘက်သို့ မကွေးမြို့၊ အောင်ရတနာရပ်ကွက်နေ ကောင်းမြတ်ဟိန်း(၃၀)နှစ် မောင်းနှင် လာသည့် MDY-12 5H/XXXX Honda Fit အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ကောင်းမြတ်ဟိန်းအား မကွေးနယ်မြေရဲစခန်း (ပ)၂၂၄/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
