ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကျင်းပသည့် (၇၅) ကြိမ်မြောက် စိန်ရတုဗုဒ္ဓဝင်နှင့် (၃၈) ဖြာ မင်္ဂလာတရားတော်စာမေးပွဲ အောင်မြင်စွာဖြေဆိုခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကျင်းပသည့် (၇၅) ကြိမ်မြောက် စိန်ရတုဗုဒ္ဓဝင်နှင့် (၃၈) ဖြာ မင်္ဂလာတရားတော်စာမေးပွဲ အောင်မြင်စွာဖြေဆိုခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်


Ministry of Information/ Naypyitaw / November 09, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၉

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှ ကြီးမှူး၍ ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကျင်းပသည့် (၇၅) ကြိမ်မြောက် စိန်ရတုဗုဒ္ဓဝင်နှင့် (၃၈) ဖြာ မင်္ဂလာတရားတော်စာမေးပွဲဖြေဆိုပွဲ၌ အောင်မြင်စွာဖြေဆိုခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကန်အောက်ရပ်ကွက်၊ သာသနာလင်္ကာရကမ္ဗောဇ၊ သာသနာ့ဗိမာန် (၅) ထပ်ဆောင်၌ ပြုလုပ်ရာ တောင်ကြီးမြို့၊ စွန်းလွန်းဂူကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတမဟာကမ္မဌာနစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အေးစေတီပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တလက္ခဏာသာမိထံမှ (၅) ပါး သီလခံယူဆောက်တည်ကြသည်။ ထို့နောက် သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယက ပြည်နယ်သံဃာ့ နာယကဥက္ကဋ္ဌ ဘဒ္ဒန္တတေဇဝန္တထံမှ ဩဝါဒခံယူကာ သံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုသို့ သွားရောက်ဆုယူကြမည့် ကျောင်းသား/ ကျောင်းသူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်းကြသည့် အလှူငွေများကို တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး စာဖြေဌာနအလိုက် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများနှင့် အထူးအောင်မြင်သူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။