ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၉၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၉၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Ministry of Home Affairs/ Nay Pyi Taw / February 13, 2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ မြို့ရှောင်လမ်းတွင် ဇော်ထိုက်(ခ)ကပြား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ရှေ့ခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၃ နာရီ ၃၀ မိနစ်၌ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ၄၀၀ ကျပ် နှုန်းဖြင့် ဒေသကာလတန်ဖိုး သိန်း ၄၀) ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။
အလားတူ ဖေဖော်ဝါရီ ၉ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)၊ မြို့ပတ်လမ်းရှိ မျိုးအောင်(ခ)သားငယ်(ခ)ရှမ်းကုလား၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်တဲ၏ ယာဘက်ဘေးရှိ မြေကြီးအတွင်းမြှုပ်နှံထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀,၀၀၀ ပြား (တစ်ပြားလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ၉၂၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ဇော်ထိုက်(ခ)ကပြား(၃၀)နှစ်၊ မျိုးအောင်(ခ)သားငယ်(ခ)ရှမ်းကုလား(၄၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၁၃ ရက် ၊ကြာသာပတေးနေ့။
Posted on Feb 13, 2025
ညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ပုံနှိပ်သူနှင့်ထုတ်ဝေသူများစာရင်းအား အသိပေးကြေညာခြင်း
Posted on Feb 11, 2025၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းကလက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော အကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း တွေ့ရှိရပါသည်-
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၅/၂၀၂၅)
Posted on Feb 6, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၅/၂၀၂၅)
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ ထုတ်ပြန်ကြေညာခြင်း
Posted on Jan 24, 2025