ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ကုန်ပစ္စည်းများ ပေးအပ်

ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ကုန်ပစ္စည်းများ ပေးအပ်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / July 31, 2025


ဘားအံ ဇူလိုင် ၃၁

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်း ရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့်စေတနာရှင်များ လှူဒါန်းသည့်စားသောက်ဖွယ်ရာများ ပေးအပ်သည့် အခမ်းအနားကို ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် အသက်ကို ပင်ပဓာနမထားပဲ တာဝန်ထမ်းဆောင်နေကြသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များကို ဆောင်ရွက်ပေးနိုင်သည့်နည်းလမ်းများဖြင့် အားပေးကူညီခြင်းဖြစ်ကြောင်း၊ ယခုလှူဒါန်းခြင်း သည် အဋ္ဌမအကြိမ်မြောက်လှူဒါန်းခြင်းဖြစ်ပြီး သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်သို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်ကာ ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေကြသောတပ်မတော်သားများ အန္တရာယ်ကင်း ဘေးရှင်း၍ တိုက်ပွဲတိုင်းအောင်မြင်နိုင်စေရန် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် ၃၆၄၇၅၀၀ဝိ/- (သုံးရာခြောက်ဆယ့်လေးသိန်း ခုနှစ်သောင်းငါးထောင်)တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို နယ်မြေခံတပ်မှတာဝန်ရှိသူတစ်ဦးထံချီးမြှင့် ပေးအပ်ကာ လှူဒါန်းပေးကြသော ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစု များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် နယ်မြေခံတပ်မှတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပြီး ယနေ့ပေးအပ်လှူဒါန်းပွဲတွင် ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ဇလုံကြီးစားဖွယ်စုံ၊ ငါး သေတ္တာ၊ ကြံသကာ၊ သုခိတာဆေးပေါ့လိပ်၊ ဒါးလှီးဆေး၊ အချိုရည်၊ ယုဇနလက်ဖက်အကြော်စုံ၊ ဘီစကစ်၊ ရည်မွန်အနှစ်ထုတ်၊ ရမ်(အရက်)ဗူး အစရှိသော စားသောက်ဖွယ်ရာ(၁၂)မျိုးပါ အထုပ်(၃၀၀၀)ထုပ်ကို ဝန်ထမ်းများကိုယ်တိုင် စိတ်အားထက်သန်စွာ ကြော်လှော်ချက်ပြုတ်ထုပ်ပိုး၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ထပ်မံ၍ အထုပ်ပေါင်း (၂၀၀၀)ကို ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် လှူဒါန်းပြီးခဲ့သည့် (၈)ကြိမ်တွင် စုစုပေါင်းငွေကျပ် (၃၇၆၀ ဒဿမ ၇၅)သိန်းတန်ဖိုးရှိ စားသောက်ကုန်များကို ပေးပို့လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 03, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -