လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး အလေးအနက်ပြု ဖိတ်ခေါ်ကမ်းလှမ်း

လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး အလေးအနက်ပြု ဖိတ်ခေါ်ကမ်းလှမ်း


Ministry of Information/ Naypyitaw / April 23, 2026
image_latest


နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးထားပြီး အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်းမှ သွေဖည်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရန် အလေးအနက်ပြု ဖိတ်ခေါ်ကမ်းလှမ်းလိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်များ၏ ထက်ဝက်ကျော်က ဆန္ဒမဲပေးခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူများ၏ အဓိကအကျဆုံးမျှော်မှန်းချက်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ သို့ဖြစ်ရာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲမှဖြစ်တည်လာသည့် အစိုးရသစ်အနေဖြင့် နိုင်ငံ၏ပကတိအခြေအနေနှင့် ပြည်သူများ၏လိုလားချက်တို့ကို အကောင်အထည်ဖော်ရာတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကိုအလေးထား၍ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောကြားခဲ့သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးမှာ မဖြစ်မနေလိုအပ်သည်။

တစ်ဖက်တွင်လည်း နှစ်ကာလများစွာရှည်ကြာအောင် မြစ်ပွားနာသဖွယ် နာတာရှည်ကပ်ငြိတွယ်နေသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ပြည်သူတို့ စိတ်ပျက်ငြီးငွေ့လှပြီဖြစ်သည်။ မတည်မငြိမ် အထိတ်တလန့် ပြေးလွှားရှောင်တိမ်းနေရသည့်ဘဝများမှကင်းလွတ်၍ အေးချမ်းသာယာသည့် လူမှုဘဝများနှင့် လူတန်းစေ့ နေထိုင်လိုကြပြီဖြစ်သည်။

စင်စစ်အားဖြင့်ဆိုရလျှင် မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ၏ သက်တမ်းမှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးကြိုးပမ်းမှုများမှာလည်း ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ ရှည်ကြာခဲ့ပြီဖြစ်သည်။ သို့ရာတွင် နိုင်ငံလွတ်လပ်ရေး ရပြီးချိန်မှစ၍ လက်ရှိကာလအထိ နှစ်ပေါင်း ၈၀ ခန့်အတွင်း ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုများကြောင့် လက်နက်ကိုင်ပဋိပက္ခ လုံးဝချုပ်ငြိမ်းသွားသည်ဟူ၍မရှိခဲ့။ ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုများ၏ သမိုင်းမှတ်တိုင်ဟုဆိုရမည့် NCA စာချုပ်သည်ပင်လျှင် ၁ဝ နှစ်ကျော်၍ ၁၁ နှစ်အတွင်း ဝင်လာခဲ့ပြီဖြစ်သည်။ အဆိုပါစာချုပ်ဖြစ်ပေါ်ရရှိနိုင်ရန် အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်များပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့ပါဝင်သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ဆွေးနွေးမှုများကို ရက်ပေါင်း ၁၄၅၀ ခန့်၊ အကြိမ်ပေါင်း ၅၀၀၀ ခန့် ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။ အတည်ပြုမူကြမ်း ပြီးစီးပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက လော်ခီးလာညီလာခံအပြီးတွင် စာချုပ်မူကြမ်းကို ပြင်ဆင်ဖြည့်စွက်လိုကြောင်း အဆိုပြုသဖြင့် ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြရသည်။

NCA စာချုပ်ပါ အခန်း (၇) ခန်း၊ အပိုဒ် ၃၃ ပိုဒ်တို့ကို နှစ်နှစ်ခန့်ကြာအောင် တစ်ပိုဒ်ပြီးတစ်ပိုဒ် အကျေအလည်ဆွေးနွေးခဲ့ကြခြင်းဖြစ်သော်လည်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် နေပြည်တော်ရှိ MICC - 2 တွင် NCA စာချုပ်ကို အတည်ပြုကြောင်း ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ သက်သေများရှေ့မှောက် လက်မှတ်ရေးထိုးချိန်၌မူ သွေးထိုးလှုံ့ဆော်မှု အမှောင့်ပယောဂများကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့ဖြင့်သာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ မိမိတို့ပြည်သူများ မျိုးဆက်နှင့်ချီ၍ မျှော်လင့်နေကြရသော ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့မှာ အနှောင့်အယှက်၊ အဖျက်အဆီးများနှင့် ခက်ခဲကြမ်းတမ်းမှုများ ပြည့်နှက်နေသည့် သာဓကပင်ဖြစ်သည်။

ယခုလည်း နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများကျင်းပပြုလုပ်နိုင်ရန် လေးနက်စွာဖိတ်ခေါ်လိုက်ပြီဖြစ်သည်။ မိမိတို့ ငြိမ်းချမ်းရေးလိုချင်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိလျှင် ဖွံ့ဖြိုးရေးကိစ္စ ဘာမှလုပ်၍မရကြောင်း၊ ငြိမ်းချမ်းရေးလုပ်မှသာ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်၍ရကြောင်း နိုင်ငံတော်သမ္မတက ရိုးရှင်းပွင့်လင်းစွာ ထုတ်ဖော်ပြောကြားခဲ့ပြီးလည်းဖြစ်သည်။ မိမိနိုင်ငံနှင့်မိမိပြည်သူ ငြိမ်းချမ်းရေးသည် မိမိတို့၏ အရေးသာဖြစ်သည့်အလျောက် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာနိုင်ကြပါစေကြောင်း။ ။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Posted on Apr 24, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Apr 23, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 22, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 21, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Apr 20, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026
AnnouncementsExplore more >

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Posted on Apr 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆