လက်မှုရွာစီမံကိန်းအတွက် စီမံကိန်းလုပ်ငန်းတာဝန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်

လက်မှုရွာစီမံကိန်းအတွက် စီမံကိန်းလုပ်ငန်းတာဝန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်


Ministry of Information/ Naypyitaw / November 29, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် လက်မှုရွာစီမံကိန်းအတွက် စီမံကိန်းလုပ်ငန်းတာဝန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ စုပေါင်း ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုဆောင်ရွက်သည့် လက်မှုရွာစီမံကိန်းသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ဒုတိယမြောက်စီမံကိန်းတစ်ခုဖြစ်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းလုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုဖြစ်သည့် မြန်မာ့ယဉ်ကျေးမှုလက်မှုအနုပညာများကို ရေရှည်ဖွံ့ဖြိုး တိုးတက်ပြီး မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုဆောင်ရွက်မည့် လက်မှုရွာစီမံကိန်း ကို မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးအပါအဝင် လက်မှုလုပ်ငန်းများ တိမ်ကောပပျောက်မှုမရှိစေရန် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် လက်မှုရွာတည်ထောင် ခြင်း၊ လက်မှုလုပ်ငန်းမျိုးတူစုအလိုက် လက်မှုရွာများတည်ထောင်ခြင်းနှင့် လက်မှုရပ်ကွက်များ တည်ထောင်ခြင်းစသည့် နည်းစနစ်သုံးမျိုးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူးနှင့် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ယွန်းထည်လက်မှုရွာစီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌတို့ထံ စီမံကိန်းလုပ်ငန်းတာဝန်များကို လည်းကောင်း၊ ဒုတိယဝန်ကြီးက မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူးနှင့် ရေကြည်မြို့နယ် စံပြကျေးရွာ ဝါး၊ ကြိမ်လက်မှုရွာ စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌတို့ထံ စီမံကိန်းလုပ်ငန်းတာဝန်များကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က လက်မှုရွာစီမံကိန်းအတွက် လုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း ပေးအပ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လက်မှုရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ လုပ်ငန်းသုံးပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။